Chance : 29

2.1K 184 2
                                    

Unicode

        Jungkook ကသူ့လက်ကိုကိုင်ပြီးဝမ်းသာကြောင်းပြောနေပေမဲ့ သူ့စိတ်ထဲမှာတော့မပျော်မရွင်ဖြစ်နေမိတယ်....ချိတ်ထားတဲ့ဆေးအိတ်ကုန်သွားတော့ သူတို့လည်းအိမ်သို့ပြန်လာခဲ့လိုက်တယ်...jungkook ကတော့သူ့ကိုအစစအရာရာဂရုစိုက်ပေးပါတယ်...ညနေလောက်ရောက်တော့ jimin တို့ကရောက်လာတော့သည်.....

"အမလေး..ငါတို့ကမင်းဘာဖြစ်သွားပြီလဲလို့စိတ်ပူပြီးအလုပ်ကိုတောင်မြန်မြန်လတ်စသတ်ပြီး မင်းဆီလာတာမင်းကကိုယ်ဝန်ရနေတာတဲ့လား"

      Jimin ကသူတို့နှစ်ယောက်အားခါးထောက်ကာ ရန်တွေ့နေတော့သည်....

"ကြည့်ရတာ taehyung ရဲ့ငါတို့အတွက်မဂ်လာသတင်းက ဖိတ်စာမဟုတ်ပဲအခြားဟာဖြစ်သွားပုံပဲ"

"ဒါကဘာလဲ..နောက်ကားကျော်တက်သွားတာလား"

     Yoongi နဲ့ jimin တို့ရဲ့အပြန်အလှန်စကားကြောင့် taehyung မျက်နှာနီလာကာ jungkook ကရှက်ပြုံးပြုံးနေသည်.....

"မင်းတို့လည်းယူချင်ယူကြပေါ့ ဘာလို့နားရှက်စရာတွေလာပြောနေတာလဲ"

"Oh!ဘာကိုရှက်စရာလည်း မင်းတို့တောင်အဲ့ဒါကိုလုပ်ပြီးသွားပြီ...ငါတို့ထက်အရင်ပေါ့"

"Minie..မင်းငါ့မျက်နှာကိုမြေကြီးထဲဝှက်ရအောင်လုပ်နေတာလား"

"ဟုတ်ပါပြီ ငါမပြောတော့ပါဘူးကွာ"

      အဲ့ဒီနောက်မှာတော့ သူတို့အတူညစာစားခဲ့ကြတယ်....ပြန်ခါနီးရောက်တော့ Minie ကဂုဏ်ပြုစကားပြောပြီး သူ့ကိုတင်းကြပ်စွာဖက်ထားသည်...ထို့နောက်နားနားကပ်ကာ အကူအညီလိုရင် သူ့ကိုသတိရပါဆိုပြီးပြောကာထွက်သွားတော့တယ်...min yoongi ကတော့ jungkook နဲ့ဘာတွေတိုးတိုးပြောမှန်းမသိ ပြီးနောက်မှာတော့သူ့အားနှုတ်ဆက်ကာထွက်သွားတော့သည်......သူတို့ထွက်သွားပြီးနောက် taehyung ဆိုဖာပေါ်ထိုင်ကာ စဥ်းစားနေမိပြန်တယ်...သူကတကယ်ပဲကလေးရသွားခဲ့တာလား...ဒါဆိုအခုသူ့ဗိုက်ထဲမှာကလေးရှိမှာပေါ့...ကလေးလေးကသူ့ဗိုက်ထဲမှာရှိနေသေး...ထိုအချင်းအရာအားထပ်ခါထပ်ခါတွေးကာ taehyung မျက်နှာဟာသူမသိပါပဲပြုံး ရွင်လာတော့တယ်...ဒါက တကယ်ထူးဆန်းတယ်..ထူးဆန်းတဲ့ခံစားချက်ကလည်းသူ့နှလုံးသားထဲပြည့်နေသလိုမျိုးပဲ...ဒါမှမဟုတ် အဲ့ဒါကအချစ်တွေနဲ့ပြည့်လွန်းလို့ လျှံကျနေတာမျိုးလား.....

Chance ( Complete )Where stories live. Discover now