Chance : 13

2.2K 212 0
                                    

Unicode

တနေ့ပြီးတနေ့ကုန်ဆုံးပြီးချိန်မှာတော့ စာမေးပွဲကိုလည်းဖြတ်ကျော်ခဲ့ပြီဖြစ်သည်....ယခုအခါတွင် kim taehyung ဟာအထုတ်အပိုးများ ကိုသေချာပြင်ဆင်နေသည် ဒီနေ့က သူတို့အပန်းဖြေခရီးထွက်ကြမည်ပင်......

တီ!တီ!

Taehyungဝရံတာဖက်သို့ထွက်ကြည့်လိုက်ရာ jeon haeတို့ကား သူတို့တိုက်ရှေ့တွင်ရပ်ထားသည် အထဲမှာ jimin အပြင်နောက်တစ်ယောက်ပါ ပါလာပုံပင်.......taehyung အထုတ်ဆွဲကာတိုက်ခန်းမှထွက်လာခဲ့လိုက်သည် taehyung ကားနားရောက်တာနဲ့ jeon hae ကအထုတ်များကို ကူသယ်ပေးကာ ကားထဲထည့်ပေးသည် အနောက်ခန်းမှာ jimin နဲ့အတူထိုင်ချင်ပေမဲ့ jimin ဘေးက ကျောက်ရုပ်လိုထိုင်နေသောလူကြီးအားကြောက်၍ အရှေ့မှာသာထိုင်လိုက်တော့သည်......ကားမောင်းတဲ့တစ်လျောက်လုံး jeon hae နဲ့သူသာစကားများများပြောဖြစ်သည် jimin ကတော့ထူးဆန်းစွာ စကားသိပ်မပြောပေ........

Jeju ကျွန်းကိုရောက်တော့ အဆင့်သင့်ဘိုကင်လုပ်ထားတဲ့အခန်းသို့သာ သွားလိုက်တယ် အခန်းကနှစ်ယောက်တစ်ခန်း Taehyungနဲ့jiminနဲ့တစ်ခန်း jeon haeနဲ့yoongiကတစ်ခန်းအခန်းကဘေးချင်းကပ်ပင် ဒီနေ့အတွက်တော့သူတို့အားလုံးပင်ပန်းနေပြီမို့ လျောက်လည်မည့်အစီအစဉ်အားနားထားလိုက်သည် ........

"Jimin မင်းလူကဘယ်လိုလုပ်ပါလာရတာလဲ"

Taehyung ရေချိုးခန်းကထွက်လာပြီး jiminအားမေးလိုက်တော့ ကုတင်ပေါ်မှ ဂိမ်းဆော့ရင်း ပျင်းရိစွာပြန်ဖြေလာသည်

"အေးဟာ ငါ့အမေကြောင့်ပေါ့ ငါ့ကို alphaတစ်ကောင်ပါတာကြောင့်စိတ်ပူလို့တဲ့"

"အင်း ဖြစ်သင့်ပါတယ် ငါတောင်မင်းပါလို့သာလိုက်တာ"

"အင်း"

"မင်းလူကြီးက ဒီလိုကျတော့ဂရုစိုက်သားပဲ"

"......... "

ထိုအခါjiminမျက်နှာဟာနီလာတော့တယ်....

"ဘာလဲ ရှက်နေတာလား"

"ဘယ်..ဘယ်သူကပြောလဲငါရှက်တယ်လို့"

"ဟုတ်ပါတယ် မင်းရှက်နေတာပါ"

"အာ!jeon haeက8:00အပေါ်ထပ်က စားသောက်ဆိုင်ကိုလာခဲ့တဲ့"

"Oh!အခုပဲ8:00တည့်တော့မည်"

Chance ( Complete )Where stories live. Discover now