Episode 14 [Zawgyi]

Start from the beginning
                                    

Lisa: Nae ...

Lisa လည်း အနောက်ကလိုက်သွားတဲ့အချိန်မှာ
Rose' ကတော့ Jennie ကို ဖုန်းခေါ်လိုက်ပါပြီ
Rose' ဆီကဖုန်းလာတော့ Jennie မှာလည်း
မကိုင်ချင်ပေမယ့်

Rose': Yaaa .... Kim Jennie
ဘယ်မှာလဲ? နင်နိုင်ငံခြားသွားမယ်ဆိုလည်း
နောက်မှသွား ငါနင်နဲ့ စကားတွေပြောစရာရှိတယ်

Jennie: See You Later Airport မှာ
စကားပြောချင်ရင် တစ်နာရီအတွင်း
အမြန်လာ နောက်တစ်နာရီဆို လေယာဉ်က
ထွက်တော့မှာ

Rose': Wow ... တကယ် မပြောမဆို
နိုင်ငံခြားသွားတော့မှာပဲ ခဏစောင့်
ငါလာနေပြီ

Jennie: အင်း ....

At See You Later Airport,

Rose' နဲ့ Lisa ကားပေါ်ကဆင်းလာပေမယ့်
Jisoo ကဆင်းမလာသေးတာနဲ့

Rose': ဘာလုပ်နေတာလဲ?
ငါစိတ်သိပ်မရှည်ဘူးနော် Jennie ကို
လိုက်မတွေ့ ဘူးလား?

Jisoo: မတွေ့ တော့ပါဘူးဟာ
လက်မလွှတ်လိုက်နိုင်မှာစိုးတယ်ဟ

Rose': အင်း

Rose' လည်း Jennie ကို လိုက်ရှာပြီး
တွေ့ လည်းတွေ့ ရော

Rose': Yaaa ... Kim Jennie
ဒါဘာလုပ်ဖို့ ကြိုးစားနေတာလဲ?
နင်ငါနဲ့ Lisa ကို ရှောင်ဖို့ New Zealandကို
သွားမလို့ လား?

Jennie: Huh ... ဘာကိစ္စနင်တို့ ကိုရှောင်ဖို့
နိုင်ငံခြားအထိ သွားရမှာလဲ? နင်တို့ ကြောင့်နဲ့
ပင်ပန်းတဲ့အလုပ်ကို ငါကဘာလို့ လုပ်ရမှာလဲ?
အဲ့လိုလုပ်ရလောက်တဲ့အထိတန်လို့ လား?

Rose': Jennie ahh ... နင်ငါတို့ကိုပစ်ပစ်ခါခါ
ပြောလိုက်လို့ ငါကနင့်ကိုစိတ်နာသွားမယ်
ထင်လို့လား? ငါတို့ဘယ်လောက်ထိခင်ခဲ့ကြလဲ?
ငါတို့အချိန်တွေဘယ်လောက်ထိခင်ခဲ့ကြလဲ?
နင့်စိတ်ရင်းကိုငါသိတယ် နင်ကသာငါတို့
စိတ်ရင်းနားမလည်တာ နင်စိတ်ထဲမပါဘဲ
ရင့်ရင့်သီးသီးတွေမပြောပါနဲ့လား?
နင့်စိတ်ထဲဘယ်လိုတွေရှိနေလဲဆိုတာ
ငါမြင်နေရတာမို့

Jennie ရော Rose' ရော မျက်ရည်တွေကျပြီး

Jennie: Mianhae Chaeng ...
ငါနင်တို့အထင်လွဲခဲ့ပြီး ရှောင်ပြေးချင်တယ်ဆိုတာ
မှန်ပါတယ် ဒီလိုရှောင်ပြေးမှ ငါကိုယ်တိုင်
လွတ်မြောက်နိုင်မှာမို့ပါ

Rose': မဟုတ်ဘူး Jen ...
နင်ရှောင်ပြေးစရာမလိုဘူးလေ နင်သွားချင်တယ်
ဆိုရင်တောင် ခဏပဲသွားလေ ဘာလို့အပြီးအပိုင်
သွားမှာလဲ Jen ရယ်?

Jennie: နင်တို့ကိုရှောင်ပြေးချင်တဲ့စိတ်ထက်
ငါ့အိပ်မက် ငါ့ရဲ့ Model ဖြစ်ချင်တဲ့အိပ်မက်က
အဲ့နေရာမှာသာအသင့်တော်ဆုံးမလို့ပါဟာ
ပြီးတော့ နင့်အပေါ်ဆိုးခဲ့တဲ့ မှားခဲ့တဲ့အရာတွေ
အတွက်လည်း တောင်းပန်ပါတယ်

Rose': Jen ရယ် ... တောင်းပန်ဖို့မလိုပါဘူး
ဒါပေမယ့် နင်နောက်ထပ် ထပ်စဉ်းစားကြည့်
ပါဦးလားဟာ? ပြီးတော့ ...

Jennie: ပြီးတော့ ဘာဖြစ်လဲ?

Rose': Jisoo က နင့်ကိုစိတ်လည်းပူနေတာဟ

Jennie: အင်း ... သူလည်းနောက်တော့
အဆင်ပြေသွားမှာပါ

Rose': Jen ahh ... နင်တကယ်မသိဘူးပဲ

Jennie: ဘာကိုလဲ?

Rose': Jisoo က နင့်ကိုဘယ်လောက် ...

Rose' မှာမပြောရက် ... Jisoo အဖြစ်ကို
တွေးရင်းမျက်ရည်ဝဲလာပြီး

Rose': Jisoo က နင့်ကိုဘယ်လောက်တောင်မှ
ချစ်လိုက်လဲ Jen ရယ်? ဒါကို နင်ကဘာလို့
မသိရတာလဲ? သူနင့်ကို ငါတို့ပြဿ      နာဖြစ်
ကြတော့တောင် နင့်ကိုဘယ်လောက်ကာကွယ်
ပြောပေးတာ

Jennie: Borr? Yaaa ... Chaeng ...
နောက်တာတော်ရုံပဲကောင်းတယ်နော်

Jisoo: နောက်တာမဟုတ်ဘူး Kim Jen ...

Lisa,Rose': Jisoo ...

To be continued 💜

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Where stories live. Discover now