Episode 14 [Zawgyi]

247 6 0
                                    

Jisoo လည်း စိတ်ညစ်ညစ်နဲ့ ကျောင်းခေါင်မိုး
ထပ်မှာထိုင်နေရင်း အချိန်အနည်းငယ်ကြာ
လာတော့ Lisa နဲ့ Rose' ရောက်လာသည်

Rose': Yaaa ... Kim Jisoo
နင်ကဒီမှာဘာထိုင်လုပ်နေတာလဲ?
ငါတို့ ကတော့ နင့်ကိုပျောက်လို့ လိုက်ရှာနေတာ

Jisoo: Chaeng ahhh...
Kim Jen ကလေ New Zealand ကို
အပြီးအပိုင်သွားတော့မှာတဲ့ သူ့ အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ အတွက်တဲ့

Rose': အဲ့ဒါက သူခုနကအတန်းထဲကသူတွေရဲ့
ပြောစကားတွေတိတ်သွားအောင် ပြောလိုက်တဲ့
စကားတွေလေ နင်ကဘာလို့ အတည်မှတ်
နေရတာလဲ?

Jisoo: ဟုတ်တယ်မလား?
နင်လည်း သူလိမ်ပြောတယ်ပဲထင်တာမလား?
သူကတကယ်ပြောတာဟ ငါ့ကိုအကျိုးအကြောင်း
တွေ အားလုံးပြောပြသွားတာ

Rose': မဖြစ်နိုင်တာ

Jisoo: ငါလည်းအဲ့လိုမဖြစ်လာရင်ကောင်းမှာပဲ
လို့ စဉ်းစားခဲ့တယ် ဒါပေမယ့် သူတကယ်ဆိုတော့
ငါသူ့ ကိုဖွင့်ပြောမလို့ လုပ်ခဲ့တယ် ဒါပေမယ့်...

Rose': ဒါပေမယ့် ဘာဖြစ်လဲ?

Jisoo လည်း မျက်ရည်တွေကျလာပြီး

Jisoo: မနက်ဖန်မှသွားရမှာကို သူ့ အဖေရဲ့
Schedule တွေပြောင်းသွားပြီး ဒီညနေ
သွားဖြစ်မှာဆိုပြီး သူထွက်သွားတာ
ငါဖွင့်ပြောချိန်တောင်မရလိုက်ဘူး

Rose': Borrr?
Yaaa ... နင်ဘာလို့ လိုက်မသွားတာလဲ?
ဒါတွေအထိ နင့်ကိုအကုန်လိုက်ပြောပြနေရဦး
မှာလား?

Lisa: Jisoo shi ... လေယာဉ်ချိန်က ညနေ
ဆိုတော့ အခုသွားရင်မှီဦးမယ်နော်

Jisoo: လိုက်သွားလည်း ဘာထူးမှာလဲ?
Kim Jen ကအစကတည်းက ဆုံးဖြတ်ပြီးရင်
ပြန်မပြင်တတ်တာမို့ သူ့ ကိုဆွဲထားလည်း
ထွက်မသွားမယ့်သူမဟုတ်ဘူး ပြီးတော့
သူထွက်သွားတာကိုကြည့်ပြီးမငိုချင်ဘူး

Rose': နင်မကြည့်ချင်လည်းနေ
ဒါပေမယ့် ငါကတော့ Jennie နဲ့ ကိစ္စ
ရှင်းကိုရှင်းရမှာမို့ လေဆိပ်ကိုသွားမှာ
နင့်ဘာသာနေချင်နေခဲ့

Rose' လည်း ထွက်သွားရော

Jisoo: Chaeng ... Chaeng ...
Lisa shi ... Chaeng နောက်လိုက်ပါဦး
ကျွန်တော် ပစ္စည်းသိမ်းပြီးလိုက်ခဲ့မယ်

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Tahanan ng mga kuwento. Tumuklas ngayon