" ကဲ.. ဖယ်တော့ jimin..။ နောက်မှ သီးသန့်ခေါ်ကျွေးမယ် "

" ရက်စ်!! ဒါမှ namjoon hyung..!"

အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲသွားတဲ့ jiminရဲ့မျက်နှာကိုကြည့်ပြီး namjoonရယ်မိသည်။ ခနနေတော့ namjoonသူလုပ်စရာရှိတာတွေဆက်လုပ်နေသည်။ တစ်ကယ်တမ်း ဘာမှမလုပ်နိုင်ဘဲဖြစ်နေသူမှာ jimin..။ သူ Haeunကိုပြောစရာရှိနေတယ်။ ဒါပေမဲ့... မနေ့ကလေးတင် ကတောက်ကဆဖြစ်ထားတာမို့ စကားစပြောရမှာခက်ခဲသလိုလိုနှင့်။

သူစချော့သင့်လား...? မဟုတ်တာ.. နမ်းဖို့စိတ်မပါဘူးပြောတာ haeunလေ..။ အရင်က သူတွဲဖူးတဲ့heejinကိုဆို သူတစ်ခါတောင်မချော့ဖူးခဲ့...။ ဒါကြောင့်.. ဘယ်ကနေ စချော့ရမည်ကို သူမသိ။ ဒီလိုဆိုတိုင်းလည်း jiminဘက်ကနေ အကြာကြီးပစ်မထားနိုင်။

သူလမ်းပျောက်နေပြီ...။
နောက်ဆုံး သူဆုံးဖြတ်လိုက်သည်က... ဘာမှမဖြစ်ခဲ့သလို သာမန်အတိုင်း စကားစပြောရမယ်ဆိုတာပေ။ ဟုတ်တယ်... မျက်နှာပြောင်တိုက်သလိုဖြစ်နေရင်တောင် အဲ့လိုလုပ်ရမယ်။


ဆိုင်ထဲကို တစ်ချက်ဝေ့ဝိုက်ကာရှာကြည့်နေတဲ့ Jimin...။ အရင်လို သူ့အနားမှာ တဝဲလည်လည်ရှိမနေတော့တဲ့ haeunကြောင့် သူ့အနည်းငယ်စိုးရိမ်ရသည်။ သူ့ချစ်သူလေး ဘာပြဿနာတွေရှိနေတာလဲ....။

ဆိုင်ဝင်ပေါက်နားဆီ အကြည့်ရောက်မိချိန်... တွေ့လိုက်ပါပြီ ၊ သူရှာနေတဲ့ သူ့ချစ်သူလေး...။ ဆိုင်မှန်ကနေတဆင့် အပြင်လောကကိုငေးမောနေတဲ့ သူမရဲ့မှိုင်းပြပြမျက်နှာလေးဟာ jiminကိုအဆမတန်စိတ်ပူစေသည်။

Haeunအနားကို သူအမြန်သွားလိုက်ကာ... သူမကို ခပ်သို့သို့လေးခေါ်ဖို့ လုပ်လိုက်ချိန်... ရုတ်တရက် ရောက်ချလာတဲ့ ဧည့်သည်တွေကြောင့် အခြေမနေမဟန်ဖြစ်ရပြီ။ မကျေနပ်နိုင်... သက်ပြင်းချလိုက်ရင်းသာ သူ‌ဖြေသိမ့်ရသည်။

ဧည့်သည်တွေရောက်လာမှ သူမအသိဝင်ဟန်တူသည်။ ကိုယ်ငယ်လေးက တစ်ချက်တုန်တက်သွားကာ ‌ငေးနေခဲ့တဲ့မှန်ပြင်ကြီးကိုကျောခိုင်းပြီး သူ့ဘက်သို့လှည့်လာသည်။ သူမနဲ့အကြည့်ချင်းဆုံမိချိန်တိုင်း jiminရင်ထဲဒုန်းဆိုင်းမြည်လာရသည်။ ဖျော့တော့နေတဲ့ သူမ့မျက်ဝန်းတွေက jiminအား နေမရ ၊ ထိုင်မရ ဖြစ်စေသည်။

My Confusing Partner (✔︎)Where stories live. Discover now