" မဟုတ်ဘူး... ဒါနဲ့ ကျွန်တော်တို့ အရင်က တွေ့ဖူးလား  "

အနောက်တိုင်းဝတ်စုံနှင့်လူကို ကြည့်ရတာ မြင်ဖူးသလိုလို ရှိတာကြောင့် မုန်တိုင်း မေးကြည့်လိုက်တော့ ထိုလူကပြုံးလျက်

" တွေ့ဖူးတာပေါ့ သခင်လေးရယ်...  ကျောင်း ကပွဲ တုန်းကလေ...  သခင်လေးကို ရန်စတဲ့ ချာတိတ်လေးတွေကို သမပေးလိုက်တာ ကျွန်တော်တို့ပေါ့...   "

" အာ...  ကျွန်တော် မှတ်မိပြီ "

" အဲ့နေ့က အချိန်ကျရင် သိလာပါလိမ့်မယ် ဆိုတဲ့ စကားကိုရော သခင်လေး မှတ်မိလား...  အခု သခင်လေး သိဖို့ အချိန်ကျပါပြီ...
ကျွန်တော်က M2K ဥက္ကဌ ရဲ့ တစ်ဦးတည်းသော လူယုံပါ...  M2K ဥက္ကဌ ကိုတော့ သခင်လေး သိမှာပါနော် "

" စီးပွားရေး ဂျာနယ်တွေထဲမှာ ခဏခဏ ဖတ်ဖူးပါတယ် "

" အဲ့ဒါကို ပြောတာ မဟုတ်ဘူး သခင်လေးရဲ့...  M2K ဥက္ကဌနဲ့ သခင်လေးရဲ့ ဆက်နွယ်မှုကို ပြောတာ "

ထိုလူက စကားပြောနေရင်းမှ မုန်တိုင်းကို အကဲခတ်သလို တစ်ချက်ကြည့်သည် ။ ပြီးနောက် ပြောရမလို မပြောရမလို မဝံ့မရဲ အမူအရာမျိုးဖြင့်

" M2K ဥက္ကဌဆိုတာ သခင်လေးရဲ့....  "

အဖေ... ။
ဟုတ်သည် ။ စီးပွားရေး လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားနေတဲ့ M2K ဥက္ကဌဆိုသူဟာ မုန်တိုင်းကို စွန့်ပစ်ခဲ့တဲ့ အဖေအရင်း ဖြစ်သည်။

လူယုံဆိုသော ပုဂ္ဂိုလ်ဆီမှ သူ မကြားချင်သော နာမ်စားတစ်ခု ထွက်မလာခင် မုန်တိုင်း စကားကို အမြန် ဖြတ်ပြောလိုက်၏။

" ကျွန်တော့်ကို ဥက္ကဌ ဆီ ခေါ်သွားပေးပါ "

မုန်တိုင်း ထိုသို့ ဆိုလိုက်တော့ ထိုလူယုံတော် တစ်အောင့်လောက် ယောင်နန ဖြစ်သွားသည်။ထို့နောက် အမူအရာပြန်ထိန်းလိုက်ကာ မုန်တိုင်းကို ဟိုတယ်ထဲ ခေါ်သွားတော့၏။

သွားသည့် လမ်းတစ်လျှောက်တွင် မုန်တိုင်းကို ဝပ်တွား မခစား ကြရုံတမယ် ဦးညွတ်ကြိုဆိုကြသည့် ဝန်ထမ်းများက မနည်းမနောပင် ။

ထိုသို့ ဦးညွတ်ကြိုဆိုကြသည့် လူတစ်ယောက်စီကို တွေ့တိုင်းလည်း မုန်တိုင်း စိတ်ထဲ နာကျင်ရသည် ။ ယခင်က ထိုကဲ့သို့ သူတစ်ပါးကို ဦးညွတ်အောက်ကျို့ရသည့် အလုပ်ဆိုတာ သူ လုပ်နေကျ အလုပ်များပင် မဟုတ်ပါလား ။ ထိုအတွေးဝင်လာတိုင်း နှလုံးသားထဲ နာကျင်ရသလို မိဘအရင်းဆိုသော သူများကိုလည်း နာကျည်းမိသည် ။

PhilophobiaWhere stories live. Discover now