Chapter《12 and 13》

Start from the beginning
                                    

သူကဗလာဖြစ်စွာ ခေါင်းညိတ်ပြလိုက်သည်။ အမေကသူမသားရဲ့ ခေါင်းကို အားရကျေနပ်စွာ ပုတ်လိုက်ပြီးမှ ပျော်ရွှင်စွာ အောက်ပြန်ဆင်းသွားတော့၏။ သူမက လှေကားနားရောက်တဲ့အချိန်မှာ ခဏရပ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ နူးညံ့ချစ်ခင်စွာ ပြောလိုက်သည်။

"မြန်မြန်လေးလုပ်နော်, ပြီးတော့အမေလည်း သားကိုချစ်တယ်"

အရူးလေးတစ်ယောက်လိုပင် ရိဟန်ကသူမကို ပြန်ပြုံးပြသည်။ သူကတံခါးကို ပိတ်လိုက်ပြီး ဆက်၍ ဗလာဖြစ်စွာ စိုက်ကြည့်နေပြီးမှ သူ့စိတ်က သူ့အမေပြောလိုက်သည့် စကားများကို စတင်အာရုံ စူူးစိုက်နိုင်လာသည်။

ပြီးတော့ရော.....!

သူ့အဖေနဲ့သူ့အကိုကြီးပါ အိမ်ပြန်ရောက်နေပြီ?

ရိဟန်ကထိတ်လန့်စွာဖြင့် ထိုနေရာမှာပဲရပ်နေမိသည်။ သူအဆင်သင့်မဖြစ်သေးဘူး..

သူ့အဖေနဲ့ သူ့အကိုကြီးအပေါ်မှာ ကျန်ရှိတဲ့ နောက်ဆုံးမှတ်ဉာဏ်က သူတို့ရဲ့ဒေါသ၊ စိတ်ပျက်မှုနဲ့ နာကျင်နေတဲ့ မျက်လုံးတွေက သူဖြစ်နေတာကိုမုန်းတီးစွာ သူ့ကိုတည့်တည့် စိုက်ကြည့်ကြခြင်းကိုပင်။

သူ့အဖေကို နောက်ဆုံး သူမြင်ခဲ့ရခြင်းသည် သူ့အဘိုးရဲ့ ဈာပန အခန်းအနားမှာဖြစ်သည်။ သူ့အဖေရဲ့ အမြဲတမ်း ဖြောင့်မတ်နေသည့် ခါးက ကိုင်းကျနေခဲ့သည်။ ဆံပင်များသည်လည်း ပုလဲဖြူရောင် ဖြစ်နေခဲ့ပြီး သူ့ပုံစံက အလွန် အသက်အရွယ်ရင့်နေကာ အင်အားမဲ့နေခဲ့သည်။ ဒါ့အပြင် အမြဲတမ်းတည်ငြိမ်ပြီး ရင့်ကျက်သည့် သူ့အကိုကြီးသည်လည်း ဝမ်းနည်းကြေကွဲမှုများနဲ့ ပြည့်နှက်နေခဲ့သည်။

သူ့ပုံစံကပြိုလဲကျနေပြီး မျက်လုံးများက နီရဲနေသော်လည်း ဆက်ပြီးဖြောင့်မတ်စွာ ရပ်နေခဲ့သည်လေ။ သူ့အတွက်က သူ့မိဘတွေနဲ့ မောင်နှမတွေကို စောင့်ရှောက်ပေးရန် လိုအပ်နေသေးသောကြောင့်ပင်။

ပြီးတော့သူကရော? သူကတော့ ဈာပနအခန်းအနား ကျင်းပတဲ့ အနားမှာတောင် မရပ်ရဲခဲ့ဘူး... အဝေးကနေပဲ သူ့ရဲ့ချစ်ရတဲ့ ကြင်နာတတ်တဲ့ အဘိုးက အနက်ရောင်သေတ္တာထဲက ပြာမှုန်တွေဖြစ်သွားပြီး အေးစက်တဲ့ မြေကြီးထဲမှာ မြှုပ်နှံခံရတာကို တိတ်တဆိတ်ကြည့်နေခဲ့ရတယ်

(Completed) Reborn as a good childWhere stories live. Discover now