Chapter《12 and 13》

Start from the beginning
                                    

ပိုင်ရိဟန်၏ အတွေးများ ထိုလမ်းကြောင်းပေါ်သို့ တက်လာသည်နှင့်အမျှ သူ၏စိတ်နှလုံးသည် စတင် တည်ငြိမ်လာခဲ့သည်။ အိမ်ကအလွန်ကို တိတ်ဆိတ်နေပြီး အချိန်အတော်ကြာလှဲကာ ခက်ခက်ခဲခဲ တွေးနေရတာကြောင့် ဖြေးညှင်းစွာဖြင့် သူအိပ်မောကျ သွားတော့လေသည်။

သူကသူ့အမေရဲ့ နူးနူးညံ့ညံ့ တံခါးခေါက်သံ ကြားလိုက်ရမှာသာ နိုးလာပြီး အိပ်စုံမှုန်မွှားနဲ့ မျက်လုံးများဖွင့်လိုက်သည်။

အခုကနေ့လား? ညများလား? ဘယ်အချိန်ရှိနေပြီလဲ? ဒါဘယ်နေ့လဲ? သူမပြောနိုင်ပေ။

ရှုပ်ပွနေတဲ့ ခေါင်းလေးဖြင့် သူ့အမေသူ့အတွက် ဝယ်ပေးထားတဲ့ အပြာရောင်ဝက်ဝံ ညအိပ်ဝတ်စုံဖြင့်ပင် ရိဟန်က သန်းဝေရင်း တံခါးဖွင့်လိုက်သည်။

အမေက သူမသားငယ်လေးရဲ့ နူးညံံပြီး ပွယောင်းယောင်း ဖြစ်နေသော ပုံစံလေးကိုကြည့်ကာ သူမသားလေးအား သူမရင်ခွင်ထဲ တင်းကြပ်စွာ ဖက်ထား၍ အင်အားအပြည့်ဖြင့် မပုတ်ပေးနိုင်ခြင်းကို မုန်းတီးမိသည်။

ဖြစ်ရပ်မှန်ဆိုတာ အရမ်းရက်စက်သည်လေ။ သူမရဲ့ကလေးတွေက အရွယ် ရောက်လာတာနဲ့ သူမသူတို့ကို ပုတ်ပေးခြင်းအား ငြင်းဆန်ကြတော့သည်။ အကယ်၍သူမသာ လုပ်လိုက်မယ်ဆိုရင် သူမရဲ့ဒီသားလေးက ရှက်ရွံ့စွာနဲ့ ဒေါသထွက်သွားလိမ့်မည်။

အဲ့ဒီလိုဆိုရင်တောင် သူမမှာ ရိဟန်ရဲ့ ပါးလေးကိုဆွဲပြီး သူ့ခေါင်းစုတ်ဖွားလေးအား ကူ၍သပ်ပေးခြင်းကိုတော့ မတားဆီးနိုင်ပေ။ ရိဟန်က အိပ်ယာနိုးခါစ ဖြစ်တာကြောင့် ငိုင်တိုင်တိုင်ဖြစ်နေဆဲ ဖြစ်ပြီးသူမ စိတ်ကျေနပ်သလို လုပ်ခွင့်ပေးထားသည်။

သူမသားရဲ့ နူးညံ့တဲ့ ပုံစံလေးအား လက်တစ်ဖက်ဖြင့် လိုက်ထိကြည့်ရင်း အမေ့ရဲ့ နှလုံးသားက နောက်တစ်ဖန် ပျော်ကြရပြန်သည်။ အလွန်ကိုနူးညံ့တဲ့ အသံဖြင့် သူမရဲ့ပါးစပ်မှ စကားလုံးများ ထွက်ပေါ်လာကာ မေးလိုက်သည်။

"အိပ်လို့ပြီးသွားပြီလား? သွားပြီး လန်းဆန်းအောင် လုပ်လိုက်.. ညစာစားချိန်ရောက်နေပြီ.. သားရဲ့ အဖေရော အကိုရော အမပါ အကုန် အိမ်ပြန်ရောက်နေပြီ"

(Completed) Reborn as a good childWhere stories live. Discover now