31

14.7K 1.9K 38
                                    

ပုံပေါ်လုနီးပါး ကိတ်လေးကို လူကလေး 
စိတ်ရှည်လက်ရှည် ပုံဖော်နေမိသည်။
ကိတ်မုန့် လုပ်ရတာကို ဝါသနာပါ သည်ကြောင့် ဆိုင်မှာအားတဲ့အချိန်တိုင်း မုန့် လုပ်နည်းမျိုးစုံကို သင်ဖြစ်သည်။ နဂိုက စိတ်ရှည်တက်တာရော ဝါသနာပါတာရောကြောင့် သင်ရလွယ်ကူစွာ ခနနဲ့ မုန့် တော်တော်များလုပ်တက်နေပီဖြစ်သည်။

" မဆိုးဘူး ပုံထွက်လှသားပဲ"

မုန့် လုပ်နည်းသင်ပေးနေတဲ့ ဆရာ့ 
စကားကြောင့် လူလူပြုံးမိလိုက်သည်။

"ကျွန်တော်တစ်ယောက်ထဲကြိုးစားရုံနဲ့ ဘာမှဖြစ်လာမဟုတ်ဘူး ။ အကို  သေချာဂရုစိုက်ပီး အချိန်ပေးသင်ပေးလို့  မြန်မြန်တက်သွားတာပါ"

" ဒါတော့ဒါပေါ့ …ဒါပေမဲ့ မင်းက စိတ်ကူးကောင်းတော့ တချို့ မုန့် တွေဆိုရင် ငါလုပ်တာထက်တောင် မုန့် ပုံကဆန်းသစ်သေးတယ်"

" ဆရာ  တော်လို့ တပည့်တော်တာမဆန်းပါဘူးအကိုရာ ။  "

"အေးပါ လူလူရာ… ကဲကဲ  မင်း လုပ်စရာရှိတာလုပ်ပါ  ။ ငါကတော့ ပြန်ဖို့ အချိန်ရောက်နေပီ … မင်းလဲ ဒါပီးရင် ပြန်မှာမို့ လား  "

"ဟုတ်အကိုဒါလေးပီးရင် ပြန်ရုံပဲရှိတော့တယ်   "

သေချာရိုရိုသေသေပြောလိုက်တော့ 
ခေါင်းငြိမ့်အသိမှတ်ပြုပီး ပြန်ထွက်သည်မို့ လုပ်လက်စ မုန့် ကိုဆက်လုပ်နေမိသည်။
အကိုကြီး နဲ့ လဲ ခုရက်ပိုင်း သိပ်မတွေ့ ဖြစ်တော့တာတောင် ကြာနေပီ။ ဖုန်းနဲ့ အဆက်သွယ်ရှိပေမဲ့ အကိုကြီး အလုပ်မအားတာရော
လူလူ အပြင်မှာမုန့် ဖုတ်သင်တန်းတွေ ကျောင်းပိတ်ရက်တက်နေတာကြောင့်ရောမတွေ့ ဖြစ်တာဖြစ်၏။

လူလူမှာ အိမ်မက်တွေ အကိုကြီးကြောင့်ရှိလာပီမို့ အကိုကြီးကြိုးစားနေသလို လူလူလဲ ကြိုးစားနေမိသည်။  ပုဂံသွားမဲ့ အစီစဉ်သည်လဲ မသွားဖြစ်သေးပဲ နှစ်ယောက်သမား အလုပ်တွေ များနေတာကြောင့်နောက်ဆုတ်ထားရသည်။

အကိုကြီးကို အရမ်းလွမ်းနေသလို အကိုကြီးနှုတ်ဖျားက လူလူ ဆိုတဲ့ခေါ်သံလေးလဲကြားချင်နေပီဖြစ်သည်။ 

    ဇ  ( Completed)Where stories live. Discover now