19

15.3K 2.1K 53
                                    

လူကလေး အလုပ်ချိန် ပီးပီမို့ ဝန်ထမ်းယူနီဖောင်းကို အလျှင်အမြန်လဲဝတ်လိုက်ပီးကျောပိုးအိတ်လေးကိုဂရုတစိုက်ယူလိုက်သည်။ အပြင်မှာ အကိုကြီးလာခေါ်နေပီ ဖြစ်တာကြောင့် အိတ်ကို ယုယုယယပိုက်ကာ ဆိုင်ပြင်သို့ ထွက်လိုက်၏။ ဒီနေ့ ပထမဆုံး လခ ရသည့်နေမို့  လူကလေး
အကိုကြီးအတွက်လက်ဆောင်ပြင်ထားသည်။ 

ခြေလှမ်းတို့ က ဆိုင်အပြင်ကို တိတိပပထွက်လိုက်တာနဲ့  ကားတံခါးကိုမှီပီးစောင့်နေတဲ့ အကိုကြီးကိုတွေ့ သည်။

အကိုကြီးက ဒီနေ့  ဘောင်းဘီတို အနက်နဲ့ တီရှပ် အဖြူ ဗြောင်ပွပွ ကိုဝတ်ထား၏။ ခြေညှပ်ဖိနပ်ကို စီးထားတာ
မို့ ဒီနေ့ ည အကိုကြီးပုံက လုံးဝ လွတ်လပ်ပေါ့ပါးနေ၏။ 

" အကိုကြီး ဒီနေ့ အရမ်းမိုက်နေတယ်"

ထွက်လာကတည်းက ငေးမောပီး
ကြည့်လာတာမို့  ဇ   မျက်နှာကိုမော့ပြီးသဘောကျ ရယ်လိုက်သည်။  လက်မလေးပါ ထောင် ပီးချီးမွန်းနေတာမို့  ဒီရူပါဖြောင့် တဲ့ အကိုကြီး ကို အတော်ကြွေသွားပုံရသည်။

"မင်းဘဲကြီးပဲ  ဒီလောက်တော့ရှိမှာပေါ့"

" အကိုကြီးက  လိပ်ကြီးပဲ "

"ဘာလဲ  လိပ်ကြီးဆိုတော့မင်းက
မချစ်တော့ဘူးလား "

"ဟင့်အင်   လိပ်ကြီးလဲ  အကိုကြီးမို့ လို့ 
ကျွန်တော်က ချစ်မှာပါ "

ဇ  ခါးကုန်းကာ  ကလေးလေးပါးလေးနှစ်ဖက်ကို ဖျစ်ညစ်ပစ်လိုက်ကာ

"အားရီးဂူး  သိပ်အသည်းယား အောင်
လုပ်နေတယ်ပေါ့  ဟုတ်လား ။ မင်းတော့ နာတော့မှာပဲ "

အရပ်ရှည်ပေမဲ့ သူများတွေအရပ်ရှည်သလို ပိန်ပိန်ပါးပါး ကလန်ကလားမဟုတ်။ တောင့်ဖြောင့်နေသောကိုယ်က ခါးကို သိုင်းဖက်လိုက်တာနဲ့ မာတောင့်တောင့်
ကြွက်သားတွေက  သိသိသာသာ ။

စကားပြောရင်လဲ  ငုံ့ ကြည့်ပီး ပြောရသည်မို့   မျက်နှာပြင်က မဲနက်နေတဲ့ မျက်ခုံး
ထင်းထွက်နေတဲ့ ယောကျာ်းပီသ လှတဲ့ ပါးရိုး… ဆေးလိပ်သောက်တက်၍အနည်းငယ်ညိုချင်နေတဲ့ နှုတ်ခမ်းသားတို့ ကို မော့ကြည့်တို်င်း မြင်ရသည်က အသက်ရှူမှားဖွယ်။ 

    ဇ  ( Completed)Where stories live. Discover now