(2.10)လီရှင်းရန်

Start from the beginning
                                    

ဟန်ရှင်းလည်းဆက်တိုက်လို့မဖြစ်တော့တာကြောင့်...
"မင်းနဲ့ငါနောက်မှထပ်တွေ့မယ် ထန်ကျန်းရိ..."
ထိုစကားတစ်ခွန်းပြောကာကိုယ်ဖော့ပြီး ပြေးတော့သည်။

ကျန်းရိလည်း အချိန်ကုန်ခံပြီးမလိုက်တော့ဘဲ ပိစိဆီကိုသာ ပြန်သွားလိုက်ပြီး ဒဏ်ရာတို့ကိုစစ်ကြည့်လိုက်သည်။

ရင်ဘက်မှာမြားစိုက်နေပေမဲ့ အသေးလေးအသက်မျော့မျော့ကျန်သေးတာမို့ အချက်ပြမီးလွှတ်ရန် လုပ်ရတော့သည်။ မိမိရဲ့အချက်ပြမီးရှာကြည့်တော့ မရှိတော့တာကြောင့်အသေးလေးကိုယ်ပေါ်မှာရှာကြည့်တော့ တွေ့တာမို့ အချက်ပြမီးကိုလွှတ်လိုက်သည်။

ဒီတိုင်းတော့လူအကူလာတာကိုကျန်းရိမစောင့်နိုင်တာမို့ အသေးလေးကိုပွေ့ချီကာ တောစပ်ရောက်အောင် သွားပေမည်။

••••••••••••••••••••••••••••••••••••••••••
စစ်မင်တစ်ယောက် အသေးလေးတောထဲ၀င်သွားထဲကသူလည်း နန်းတော်မပြန်ပေ။ တောအစပ်မှာပဲ စခန်းချပြီးနေသည်။ ပထမရက်မှာ ကျောင်းသားတစ်၀က်နီးပါ အချက်ပြမီးလွှတ်ကြပြီး ဒဏ်ရာကိုယ်စီနှင့်ပြန်လာကြသည်။
အသေးလေးတော့ပါမလာသေးပေ...
စစ်မင် တစ်ညလုံးညမအိပ်ဘဲ အသေးလေးများ အချက်ပြမီးလာမလားဆိုတဲ့ မျှော်လင့်ချက်လေး‌နဲ့စောင့်သည်။

သို့ပေမဲ့ဘာမှထူးမလာပေ...
အသေးလေးသွားထဲကစစ်မင်ဘာမှမစားသလို အရင်ကထက်လည်းဒေါသတွေကြီးစွာ ရဲမက်တွေကိုအော်ငေါက်လွှတ်သည်။

မနက်ရောက်တဲ့အထိ ကျောင်းသားတွေပြန်လာပေမဲ့ အသေးလေး ထန်ကျန်းရိ၊ လီဟန်ရှင်းကတော့ရောက်မလာသေးပေ....

နေ့လည်လောက်ရောက်တော့ လီဟန်ရှင်းကဓားဒဏ်ရာ အမြောက်အများနှင့်ပြန်ရောက်လာသည်။ ဒါလည်းစစ်မင်ဂရုမစိုက်နိုင် အသေးလေးကိုသာစိတ်ပူနေသည်။
ရင်ဘက်ထဲမှာလည်း မွန်းကြပ်နေပြီး အသေးလေးတစ်ခုခုဖြစ်နေပြီလို့ခံစားနေရသည်။ နောက်ဆုံးသည်းမခံနိုင်တဲ့အဆုံး တောထဲ၀င်ရှာဖို့ဆုံးဖြတ်ကာ ၀င်မည်အလုပ် အချက်ပြမီး အနီရောင်လေးက ကောင်းကင်ပေါ်မှာ ပေါ်လာတာကြောင့် စစ်မင်တစ်ယောက် ရဲမက်တွေတောင်မစောင့်တော့ဘဲ စီးတော်မြင်းကိုအသော့နှင်ကာ တောထဲ၀င်တော့သည်။
ရဲမက်တွေမှာလည်းစိတ်မြန်လက်မြန်ရှိလှတဲ့ မင်းကြီးကို အမှီလိုက်နေရရှာသည်။
(အချက်ပြမီးက အသေးလေးမှန်းသိအောင် အနီရောင်ပေးလိုက်တာပါ တခြားသူတွေက အဝါရောင်‌ပါ...)

I Found My Love In  SystemWhere stories live. Discover now