(2.10)လီရှင်းရန်

Začít od začátku
                                    

ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက် ဓားသံတခြွင်ခြွင်ဖြင့်သာ စိုးမိုးထားသည်။

ဟန်ရှင်းလည်း ထန်ကျန်းရိကိုသတ်မှဖြစ်မှာမို့ တိုက်ခိုက်နေရခြင်းပင်...
ကျန်းရိ မသေပါက ပြသနာကအကြီးကြီးတက်သွားနိုင်သည်။

ဒါကြောင့်လည်းဒဏ်ရာကိုမမှုနိုင်ဘဲ ထန်ကျန်းရိကို သတ်ဖို့သာ အာရုံစိုက်လိုက်ပြီး လေပေါ်ကိုကိုယ်ဖော့သိုင်းသုံးကာ တက်လိုက်သည်။

ထျန်းရိကလည်း နောက်ကနေ ကိုယ်ဖော့သိုင်းဖြင့်လိုက်သွားပြီး လေထဲတွင် အနှီလူသားနှစ်ဦးမှာ အရက်စက်ဆုံးဓားသိုင်းများဖြင့် တိုက်ခိုက်လျက်။

ထိုအချိန်တွင် ရှင်းရန်မှာတော့ system spaceထဲကနေ တိုက်ခိုက်နေသည့်မြင်ကွင်းကိုကြည့်နေပြီး
'Leo သူတို့ကတိုက်လို့ပြီးအုံးမှာလား...ငါတော်တော်ပျင်းနေပြီဟ'

[ပြီးအုံးမယ်မထင်...အေးဆေးစောင့်ကြတာပေါ့ hostရဲ့ဒဏ်ရာတွေပိုမဆိုးအောင်လုပ်ထားပေးတယ် အဆိပ်တော့ဖြေလို့မရဘူး....]

ရှင်းရန်လည်း မိမိဘေးကကြောင်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်လိုက်ပြီး
'မင်းပြောတော့အကုန်ကုနိုင်တယ်ဆို...အခုကျတော့...'

ဒေါသကြောင့်ရှူးရှူးရှဲရှဲ ဖြစ်နေသည့် hostကိုLeoမကြောက်ဘူးလို့မထင်ပါနဲ့...။ ဖင်တုန်အောင်ကြောက်ပါသည်။ စိတ်မထင်ရင် မိမိကိုယ်လေးအားကိုင်ပေါက်မှာစိုးတာကြောင့် အမှုန်အဖြစ်ပြောင်းလိုက်ပြီးမှ
[အဲ့တာက ကျွန်တော့်အမှားမှမဟုတ်တာ အဲ့အဆိပ်ကိုက ဆေးမရှိတာလေ...ဘာတတ်နိုင်မှာလဲလို့...စောင့်ကြည့်ပါဗျာ...]

ရှင်းရန်လည်း ထွက်နေတဲ့ဒေါသကိုထိန်းကာ ထန်ကျန်းရိတို့တိုက်ပွဲကိုပြန်ကြည့်လိုက်သည်။ အချိန်ကြာတဲ့အထိ ဘယ်သူမှအ လျော့မပေးသေး။
အချိန်ကတဖြည်းဖြည်း ကုန်လွန်ကာ နေ့လည်ပင်ကျော်နေပြီဖြစ်သည်။
ရှင်းရန်လည်း သက်ပြင်းတစ်ချက်ချကာ
"ဟင်း!! ငါ့သာ Leoဆေးမကုထားပေးရင် အခုချိန် ငါလေးမာလကီးယားနေတော့မယ်..."

ဟန်ရှင်း ကျန်းရိကိုမနိုင်ပေ...
တစ်ကိုယ်လုံးလည်းဒဏ်ရာအပြည့်ရနေပြီဖြစ်ပြီး လူကလည်း အားအင်ကုန်ခမ်းနေပြီဖြစ်သည်။
ကျန်းရိကတော့ လက်ကဓားဒဏ်ရာအပြင်ထိခိုက်ဒဏ်ရာမရှိ...

I Found My Love In  SystemKde žijí příběhy. Začni objevovat