❤ My little ko ko ❤ Part 12

Start from the beginning
                                    

" ကိုကို... ဘာတွေပြုံးနေတာလဲ "

" ဘာမှမဟုတ်ပါဘူး...မနက်အတွက်ရင်ခုန်နေတာ "

" ဟင်...ဘာရင်ခုန်စရာရှိလို့လဲ ကိိုကိုကလဲ "

" ဟို...မင်းနဲ့ ချစ်သူဖြစ်ပြီးမှ ပထမဆုံးသွားတဲ့ ခရီးဆိုတော့ "

" အော်...ဒါများ..ခုရင်မခုန်နဲ့အုံး..hotel ရောက်မှရင်ခုန် "

နားနားလေးကပ်ကာ အသံတိုးတိုးလေးနဲ့ ပြောသဖြင့် ကြက်သီးပင်ထသွားကာ..

" မောင်... "

ထအော်တော့ တစ်ဟားဟားရီနေလေသည်။

" ဘုရားသွားဖူးမှာနော်...မောင် ညစ်တီးညစ်ပတ်"

" ကျတော်ကဘာပြောလို့လဲကိုကိုကလဲ... ကိုကိုကသာ ညစ်တီးညစ်ပတ်အတွေးတွေ တွေးနေတာ "

သူ့အပြောကြောင့် မျက်စောင်းလှမ်းထိုးပြီး အိတ်ကိုဇစ်ပိတ်ကာ ရေချိုးခန်းဝင်ခဲ့သည်။ သူ့မှာတော့ အူရွှင်ပြီး ကျန်နေခဲ့သည်။ ကိုယ်လက်သန့်စင်ပြီး ထွက်လာတော့ အိပ်ရာပေါ်မှာ ဖုန်းတစ်လုံးနဲ့ အဲ့တာနဲ့ ဘေးကိုဝင်လှဲပြီး ကျောပေးလိုက်တော့...

" ကိုကို ဘာလို့ကျတော့ကို ဖင်ပေးထားတာလဲ မနက် ခရီးသွားရမှာနော် တော်ကြာ မထနိုင်ဘဲနေမယ် "

သူ့အပြောကြောင့် ငေါက်ခနဲထထိုင်ကာ

" မင်း..အရမ်းညစ်ပတ်တာပဲ ကဲဟာ ကဲဟာ "

ပြောလဲပြော ရင်ဘတ်ကို တဘုန်းဘုန်းနဲ့ထုတော့ တစ်ဟားဟား ရီကာ

" ကြောက်ပါပြီ ကိုကိုရဲ့... ကျတော်က စတာပါဗျ အား...နာတယ် ကိုကိုရဲ့"

ပြန်အော်ကာ လက်တွေအတင်းဖမ်းချုပ်ကာ ဆွဲဖက်ပစ်လိုက်သည်။

" ကိုကိုရယ်...ကျတော်ကစတာပါ...ကိုကို ကျတော့ကိုစိတ်ဆိုးသွားလို့စတာ. "

" ဟွန့်... အမြဲတမ်းမင်းစိတ်တွေကမှောင်နေတာကို လင်းမယ့်နေဆိုတာရောရှိအုံးမှာလား "

" ကျတော်က ကိုကို ကိုမြင်မှမှောင်တာပါ ကျန်တဲ့ချိန်ဆို ကျတော်ကအဖြူထည်လေးပါ "

" ဟွန့်...ဖယ်..ငါအိပ်တော့မယ်..မနက်လဲအစောထရမှာဆိုတော့ "

" ဟင့်အင်း..ခုလိုလေး ဖက်အိပ်မယ်လေနော်..နော်ပါ ကျတော်ဘာမှမလုပ်ဘူး..ကိုကိုခွင့်ပြုချက်မရဘဲ "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now