Part 3(unicode) 18+

Start from the beginning
                                    

"သြော်! ညီ ငါမေ့တော့မလို့ကွာ ၊ သူ့ကောင်မလေးကို ငါသွားကြိုပေးရမှာကွ ဓာတ်လှေကား ကနေ တက်သွားလိုက် ငါးထက်မြောက်က အခန်းနံပါတ် ၁၀၂ ၊
အဲ့မှာ အားလုံးပြင်ဆင်ပြီးပြီ။ ငါတို့က သူငယ်ချင်းတွေနဲ့ သူ့ကောင်မလေးကို မျက်လုံးစည်းပြီးခေါ်လာမယ် ။ညီက ပန်းစည်းကို သူ့မျက်လုံးဖွင့်ဖွင့်ချင်းပေး ပေးယုံပဲ"

အကိုက မှာစရာရှိတာ မှာပြီးတော့
ခပ်မြန်မြန်ပဲ ပြန်ထွက်သွားသည်။

*သြော် .. အတွဲမရှိတဲ့သူတွေများ
အေးလေ သူများအကြိုးဆောင် ကိုယ်အကျိုးအောင်ပဲ
အကို့အကျိုး ကျရင်တော့ ကျွန်တော် ကိုယ်တိုင် လုပ်ပေးပါ့မယ်*

စိတ်ထဲကနေတွေးရင်း ပီတိဖြစ်မိသည်။
အကိုက တစ်ခါတလေ အပြောဆိုးပေမယ့် စိတ်ရင်းက တကယ်ကောင်းတာပါ။
အကိုမို့ပြောတာမဟုတ်။

အကိုကြီး ဆိုရင်လည်း ဒီအတိုင်းပဲ။
အကိုကြီးက စူးရှတို့အမွှာနဲ့ အသက်၇ နှစ်ကွာပေမယ့် စူးရှ တို့ကို အလိုလိုက်သည်။
လူကြီးဆန်ပြီး အနေတည်ပေမယ့် အောက်ခြေမှစ သေသပ်သည်။
အကိုကြီးက နူးညံ့သည်။ သိမ်မွေ့သည်။

အကို ကျတော့ မဟုတ်မခံ။
သူ့ကိုထိရင် သူချစ်တဲ့သူတွေ သူ့ပစ္စည်းတွေထိရင် နှစ်ဆ ပြန်ပြီး အလျော်ယူတက်သူ။
လက်စားချေတာကို လက်ဆွဲကိုင်ထားသူ။

တင်းတောင်

ငါးလွှာရောက်ပြီပဲ။
အကိုပြောတာ ဘယ်အခန်းပါလိမ့်။

အခန်းတွေက တံခါးပိတ်လျက်သားတွေ
၁၀၁. ၁၀၂.၁၀၃.၁၀၄

တစ်ခန်းစီ ဖွင့်ကြည့်လိုက်မှာပေါ့။
မှားနေရင်တောင်းပန်လိုက်ရုံပဲ။

၁၀၁ အခန်းတံခါး စ တွန်းဖွင့်လိုက်သည်။

"အား..အင်း..ထိတယ်"

"ဟင်!"

အခန်းထဲ မွေ့ယာကုတင်ထက် လက်လွတ်စပယ် ဖြစ်နေသော အဝတ်မပါသည့် အမျိုးသား နှင့် အမျိုးသမီး ခန္ဓာနှစ်ခု။

သူတို့နှစ်ယောက်လုံးရဲ့ အကြည့်တွေက
စူးရှဆီ စူးစူးရှရှ ကျရောက်လာသည်။

ပက်လက်အနေအထားနဲ့ အသက်ကြီးကြီး အမျိုးသား ရဲ့ အပေါ်ကနေ အားကျိုးမာန်တက် လှုပ်ရှား နေသော မိန်းမ ။
အဲ့ဒီ့ မိန်းမ ...
အဲ့ဒီ့ မိန်းမရဲ့ မျက်ဝန်းတွေက တစ္ဆေ တစ်ကောင်လိုပဲ။
တစ်ခုခုကို အငမ်းမရ ဆာလောင်နေသလို။

A letter to A boy who is not a boy(Completed)Where stories live. Discover now