🍀7.Clover

3.5K 526 13
                                    

Unicode

ခပ်ပြင်းပြင်းခြေသံကြောင့် ဘေးနားကို ငဲ့ကြည့်လိုက်တော့ ကင်နမ် ဆိုသည့်ကောင်။

ထယ့်ကိုကြည့်လိုက်တော့လည်း မျက်လုံးတွေမှိတ်ကာဖြင့် ကျနော့်ကိုနမ်းနေသည်မှာ မရပ်သေးတာကြောင့် တွန်းဖို့စဉ်းစားမိချိန် ဖယ်ခွာသွားသည့် နှုတ်ခမ်းသားများ..။

ထယ်ဖယ်ခွာသွားသည်နှင့် တစ်ဖက်ကိုပြန်ကြည့်လိုက်တော့ ဟိုကောင်မရှိတော့။ ထယ့်ကလည်း ကျနော့်ကိုသာ စိုက်ကြည့်နေလေရဲ့။ ဒီအဖြစ်အပျက်က သိပ်ကိုထူးဆန်းနေတယ်မလား။

ငါထပ်ပြီးအရူးလုပ်ခံရတာလား..။

ဖြစ်စဉ်အကုန်ကို သေချာပြန်စဉ်းစားကြည့်တော့ ဇာတ်ရေလည်သွားရသည်။

' ပြန်မယ် '

အားလုံးကို နားလည်သွားသည်မို့ ငြိမ်နေသည့် ထယ့်လက်ကောက်ဝတ်ကို ခပ်ဖွဖွဆွဲကာဖြင့် ကားဆီကိုခေါ်လာခဲ့သည်။

ကားပေါ်မှာလည်း ဘာစကားမှမပြောမိ။ ကျနော့်ဘက်ကလည်း အနမ်းတစ်ခုအကြောင်းကို အစမဖော်မိသလို ထယ့်ဘက်ကလည်း ငြိမ်နေသည်။

' ထယ် မင်းဆင်းနှင့်။ ငါမင့်ဆီခဏသွားမလို့ '

တိုက်ခန်းရှေ့ရောက်တော့ ထယ့်ကိုထိုသို့ပြောကာပင် ဆင်းခိုင်းလိုက်သည်။ အခုချိန် မင်ကအိမ်မှာ မရှိတာကြောင့် ကျနော်ထယ်နဲ့ ဘယ်သူမှမရှိတဲ့ တစ်အိမ်ထဲမှာ မနေနိုင်ပါ။ ကျနော့်ကြောင့် သူ့ကိုအနေရမခက်စေချင်။

' ဘာလို့ဘာမှမမေးတာလဲ '

' ဘာကိုမေးစေချင်လို့လဲ ထယ် '

' မင်းး.. ငါဆင်းတော့မယ်။ လမ်းကိုသတိထားမောင်း '

ထိုသို့ပြောကာပင် ဆင်းသွားသည့် ထယ်ဟာ ကျနော့်ကိုစိတ်တိုနေတာတဲ့လား။ ဒေါသထွက်ရင်တောင် ငါကပဲဖြစ်ရမှာလေ ထယ်။ မင်းအသုံးချတာခံလိုက်ရတဲ့ ငါကပိုလို့တောင် ဒေါသထွက်သင့်တာမဟုတ်လား။

စိတ်ညစ်တာတွေကြောင့် အပြစ်မရှိသည့် ကားကိုသာ အရှိန်ဖြင့်မောင်းနေလိုက်သည်။

ဆေးရုံရှေ့ရောက်တော့ အမြန်နှုန်းမြင့်နေသည့် ကားကိုစက်သတ်လိုက်သည်ကြောင့် မျက်နှာကစီယာတိုင်နဲ့‌တော့ အနည်းငယ် ကပ်သွားရသည်။

CLOVER - Volume.1 {Completed}Where stories live. Discover now