ရုတ်တရက်ဆိုသလို ကိုယ်ပေါ်ကိုရောက်လာတဲ့ အနွေးဓာတ်ကြောင့် ကြည့်လိုက်တော့ သူ့ရဲ့အပေါ်ကုဒ်ကိုချွတ်ကာ ကိုယ့် ကိုယ်ပေါ်မှာ ခြုံလွှမ်းပေးနေတဲ့ ထိုလူ။
"အေးတယ်လေ။"
"ခင်ဗျားဘယ်သူလဲ။"
"Jeonလေ။"
"အဟက်...ကျွန်တော်သိတဲ့ Jeon မှ မဟုတ်တာ။"
ယောင်းဟာ သူ့ကိုယ်ပေါ်က ကျွန်တော်ခြုံပေးထားတဲ့ ကုဒ်အကျီကို ခပ်ဖွဖွလေး မွှေးကြည့်သည်။ ပြီးတာနှင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေပြန်လေ၏။ မြင်ရခဲသည့် ယောင်းရဲ့အပြုံးဟာ စိတ်ကူးထဲကထက်တောင် လှနေသယောင်။
"Jeon စွတ်တဲ့ရေမွှေးအနံ့နဲ့တူတယ်။"
"ကိုယ်ကလည်း Jeonပဲလေ။"
"ဟင့်အင်း...ကျွန်တော် Jeonကိုပြောတာ။"
သူ့ကိုတစ်ချက်ကြည့်ပြီး မျက်စောင်းထိုးသွားတာမို့ Jungkook ခပ်တိုးတိုးရယ်မိသား။ ယောင်းကအခုထိ ကလေးဆန်တုန်း။ နှစ်တွေကြာလို့ ပြောင်းလဲသွားတာဆိုလို့ ရှည်လာတဲ့ ဆံနွယ်အုပ်အုပ်လေးသာ။
ဘယ်ဟုတ်မလဲ။ Hips လေးတွေတောင် ပိုပြည့်လာသေးတာ။
ကြယ်တွေကိုကြည့်ပြီး ကျွန်တော်အင်္ကျီကို ရင်ခွင်ထဲ ထည့်ကာ ပြုံးနေတဲ့ ယောင်းဟာ ကောင်းကင်ထက်က ကြယ်ပွင့်ကလေးတွေထက်တောင် လှနေသေး၏။
"Jeon~..."
"ဟင်...ကိုယ့်ကိုခေါ်တာလား။"
"အင်း...ကျွန်တော်ဘေးကဂျွန့်ကိုခေါ်တာ။"
"အင်း။ ကိုယ်နားထောင်နေတယ်ယောင်း။"
"နောက်တစ်ကြိမ်ဆိုတဲ့ အရာတွေကိုဂျွန်ယုံလား။"
သူ့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလာတဲ့ ယောင်း မျက်၀န်းတွေကို သူဖတ်မရခဲ့။ သို့သော် ကျွန်တော်ပြုံးပြီး ကောင်းကင်က ကြယ်တွေကိုကြည့်ကာ ယောင်းမေးတဲ့မေးခွန်းရဲ့ အဖြေကိုပြန်ဖြေလိုက်သည်။
"ကိုယ်ယုံတယ် ယောင်း။ အရာရာတိုင်းမှာ နောက်တစ်ကြိမ် ကြိုစားခွင့်ဆိုတာ ရှိသင့်တယ် မဟုတ်လား။ ပထမတစ်ကြိမ်က မဖြစ်လာခဲ့တဲ့ အချို့ကိစ္စတွေကို နောက်တစ်ကြိမ်ကြိုးစားလို့ရတယ်လေ။ အရာရာအတိုင်းအတွက် နောက်တစ်ကြိမ်ဆိုတာရှိသင့်တယ်။ ယောင်း~..."
Ending...~💟
Start from the beginning
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)