Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
ဘေးမှာဖွင့်ထားတဲ့ ရေဒီယိုကလာနေတဲ့ သီချင်းသံဟာ အခန်းငယ်လေးထဲ ပျံ့လွင့်လို့နေ၏။
"in another life"
သီချင်းသံစာသားလေးကို သံယောင်လိုက်မိတော့ သူခပ်ယေးယေးလေး ပြုံးမိတယ်။ သီချင်းစာသားလေးက သူ့ကိုသက်သက်လှောင်ပြောင်နေသလို။
တဖက်ကကြည့်ပြန်သော်လည်း တိုက်ဆိုင်သားနော်။ တခြားဘ၀က လူတစါယောက်ကို နေ့စဉ်ရက်ဆက် မျှော်လင့်နေရတဲ့ ကိုယ်အဖြစ်က Darma တွေထဲကလို ငြီးငွေ့စရာတော့ မကောင်းခဲ့ပေ။
ကိုယ့်အနားမှာ Jeon မရှိပေမယ့်လည်း၊ Jeonရဲ့ စိတ်၀ိညဥ်ကတော့ ကိုယ့်အနားမှာ အချိန်ပြည့်ရှိနေမယ်ဆိုတာ ကျွန်တော်ယုံတယ်။ ငြိမ်ချမ်းတဲ့နေရာမှာ Jeonတည်ရှိနေတာမို့ ကျွန်တော်စိတ်အေးချမ်းရတယ် Jeon ။
လူ့လောကြီးက မာယာတွေများတယ်။ ပူလောင်ရတယ်။ Jeon ရှိတဲ့အရပ်က လူ့လောကြီးထက် ဆိုင်ရင်တော့ တိတ်ဆိတ် အေးချမ်းနေတယ်မလား။ ကျွန်တော် ချစ်ရတဲ့ Jeon ရဲ့ စိတ်၀ိညဥ်အေးချမ်းနေပါစေ။
"CEO ဧည့်သည်ရောက်နေတယ်။"
"လွှတ်လိုက်။"
ခဏကြာတော့ တံခါးဖွင့်သံနှင့်အတူ အခန်းထဲကို ၀င်လာတဲ့ ခြေသံကြားနေရသော်လည်း သူစိတ်မ၀င်စားမိ။ ရေဒီယိုကပြောင်းသွားတဲ့ သီချင်းသံ ခပ်ကျယ်ကျယ်ကိုသာ နားစွင့်နေမိသည်။
"You are my sunshine...~ my only sunshine...~ you make me happy~..."
ဒါသူသိပ်သဘောကျတဲ့ သီချင်းလေး။ Jeon နဲ့ကားတူတူစီးတိုင်း Jeon နားထောင်နေကြ သီချင်းလေး။ Jeon နှုတ်ဖျားကထွက်လာတဲ့ ခပ်တိုးတိုးသီဆိုသံလောက် ဘယ်နားထောင်လို့ကောင်းပါ့မလဲ။
လွမ်းလိုက်တာ Jeon~...။
"ဧည့်သည်ကို ဒီလိုပဲထားတော့မှာလား။ CEO Park Taehyung"
Taehyung လည်း ရေဒီယိုကလာနေတဲ့ သီချင်းကို ခပ်တိုးတိုးညည်းရင်း တဖက်က ဧည့်သည်ဆိုတဲ့သူရဲ့ အသံကြောင့် စိတ်ရှုပ်ဟန် ကျစ်တချက်စုတ်သပ်ကာ တဖက်ကို လှည့်လိုက်တော့ သူ့ကိုသေချာကြည့်နေတဲ့ ထိုဧည့်သည်။
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)