"အစ်ကိုနော်...အများကြီးမသောက်ဖို့ အိမ်မှာကတည်းက မှာခဲ့တာကို မေ့နေတာလား။"

မျက်စောင်းထိုးကာပြောလာတဲ့ Jin hyung စကားကို Namjoon hyung ကပါးချိုင့်တွေပေါ်သည်အထိပြုံးကာ သူ့ခင်ပွန်းလောင်းလေးရဲ့ ပါးကိုခပ်ဖွဖွလေးနမ်းကာ ချော့တော့သည်။

အတွဲတွေကြားမှာနေရတာ ဘယ်လောက်တောင် စိတ်ရှုပ်ရသလဲ ကြည့်ပေတော့။ သူပဲ တစ်ယောက်ထဲဖြစ်နေတာ။ လောကကြီးကမတရားဘူး။ ဒီစကားကို ငိုသံကြီးနဲ့ အားလုံးကြားအောင် အော်ပြောလိုက်ချင်တာ။

"ကျွန်တော်ခြံထဲကဒန်းမှာ သွားထိုင်လိုက်ဦးမယ်။ မဟုတ်ရင် ကိုယ်တစ်ယောက်တည်း ဖြစ်နေသလိုပဲ။ ခံစားချက်ကမကောင်းဘူး။ ဟွန်း!"

ပြောပြောဆိုဆိုနဲ့ မက်မွန်သီးကိုပြစ်ခါကာ ထွက်သွားတဲ့ ယောင်းငယ်ကြောင့် ကျန်ခဲ့သူတွေမှာ ရယ်ရင်းသာ။ ဒီကောင်လေးက အခုထိကလေးလေးပါဆို။

Taehyung လည်းလူမရှိတဲ့ ပါတီနဲ့ခပ်လှမ်းလှမ်းက ဒန်းမှာထိုင်ကာ လက်ထဲက ၀ိုင်ကိုမော့ရင်း ကောင်းကင်ထက်က ကြယ်တွေကို အဓိပ္ပာယ်မဲ့စွာ ထိုင်ကြည့်နေလေ၏။

ကြယ်တွေက ဟိုတစ်လုံး ဒီတစ်လုံးနဲ့မို့ ကောင်းကင်ကြီးက လှမနေခဲ့ပေ။ ကြည့်ရတာ မိုးရာသီမို့ထင်ပါရဲ့။ မိုးရာသီကိုမုန်းလိုက်တာ။ သူသဘောကျတဲ့ ကြယ်ကလေးတွေလည်း မစုံသလို။ တစ်စုံတစ်ယောက်ကို လွမ်းဖို့လည်း ဖိအားပေးတဲ့ မိုးရာသီပင်။

"ယောင်း~..."

အသံကိုကြားတာနှင့် ဘယ်သူလဲဆိုတာသိပြီးသားမို့ သူလှည့်မကြည့်ဖြစ်ခဲ့ပေ။ ချက်ချင်းဆိုသလို သူ့ဘေးကိုရောက်လာတဲ့ ထိုလူကြောင့် မျက်မှောင်တစ်ချက်ကြုတ်မိပါရဲ့။ စွတ်တဲ့ရေမွှေးကအစ Jeonနဲ့ တူနေတာမို့။

"ဘာလာလုပ်တာလဲ။"

"ယောင်း ပျင်းနေမှာဆိုးလို့။"

"တစ်ယောက်ထဲနေချင်လို့ ထွက်လာတာလေ။"

"အခုနှစ်ယောက်ဖြစ်သွားပြီဆိုတော့ ယောင်းအဖော်ရတာပေါ့။"

"တော်စမ်းပါ။ ဂျွန်ရာ။"

ထို့နောက်တဖန်ပြည်လည် တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်နှင့်အတူ သူတို့နှစ်ယောက်ကြားက လေထုဟာ အငြှိုးထားပြိိီးတိုက်ခပ်လေသလား။ Shirt အပါးသား၀တ်ထားတဲ့ သူ့အတွက်တော့ ခပ်အေးအေးသာပင်။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now