"Jinie hyung ။ ကျွန်တော်ဆံပင်ကေလ် ပုံသွင်းထားတာနော်။"
ဆူပုတ်ပြီးပြန်ပြောတဲ့ ယောင်းငယ်ကို အားလုံးပြုံးပြိီး ကြည့်လေသည်။ ဒီကောင်လေး ဒီလိုလူကောင်းတယောက် ဖြစ်လာဖို့ သူတို့တတော်ကြိုးစားယူခဲ့ရတာမဟုတ်လား။ အခုတော့ ဒီကောင်လေးဟာ ထက်မြက်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီ။ ဒီအတွက်သူတို့အားလုံးလည်း ဝမ်းသာရလေ၏။
"Jeon..."
ဒီအခေါ်အဝေါ်ဟာ ယောင်းငယ်ဆီကမဟုတ်ခဲ့ပဲ Jungkook လက်ကိုတွဲလာတဲ့ ခပ်ချောချော မိန်းမလေးဆီကပင်။
"ကျွန်တော်ကို အဲ့ဒီလိုမခေါ်ဖို့ပြောထားတယ်မဟုတ်လား။ Kim Jisoခဗျ။"
ထိုကောင်မလေးခေါ်တာကို လက်မခံတဲ့ Jungkook ဟာ ဟိုတလောလေးကတော့ သူကိုယ်တိုင် သူ့ကိုအဲ့ဒီလိုခေါ်ဖို့ ပြောခဲ့တာမဟုတ်လား။ အံသြခြင်းနှင့်အတူ ထိုလူကိုကြည့်မိတော့ သူ့ကိုပြုံးပြလာတဲ့ထိုလူ။
"ယောင်း~...ထိုင်ဦးနော်။"
၀ိုင်းထဲမှာ လူငါးယောက်ရှိပေမယ့် ယောင်းငယ် ကိုပဲကွပ်ပြီးနှုတ်ဆက်ကာ ထွက်သွားသည့် Jungkook ဆိုတဲ့လူအား အားလုံးနားမလည်နိုင်ချေ။
ထိုကောင်လေးဟာ Jungkook နဲ့တူသော်ငြားလည်း အကျင့်စရိုက်တော့ လုံးလုံးကွဲပြားနေခဲ့သည်။ ကိုယ်တွေသိတဲ့ Jungkook က ဂျစ်ကန်ကန်နိုင်သလို ပြတ်သားပြီး ရဲတင်းသည်။
ဒီကောင်လေးကျတော့ မတူပြန်။ ယဥ်ကျေးသလို စကားအပြောဆို အတော်လေးဖော်ရွေသည်။ အပြုံးကအစနွေးထွေးပြီး မြင်ရသူအဖို့ အေးချမ်းနေတာမျိုးပင်။ သို့သော် အားလုံးအမြင်မှာတော့ ထိုကောင်လေးဟာ သူတို့သိတဲ့ Jungkook သာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဟူ၍သာ။
"ယောင်းငယ်။ အဆင်ပြေရဲ့လား။"
စိုးရိမ်တကြီးမေးလာတဲ့ Jin hyung ဟာ သူ့အတွက်စိတ်ပူနေပုံပင်။
"ကျွန်တော် လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ စိတ်ခံစားချက်တွေကိုလည်း ထိန်းသိမ်းတက်တဲ့သူ ဖြစ်နေပြီမို့၊ စိတ်မပူကြပါနဲ့။"
"ဒါပေါ့။ ငါတို့ယောင်းငယ်လေးကကြံ့ခိုင်တယ်လေ။ ဟားဟား။"
၀ိုင်ခွက်ကို တငုံမော့ကာ ခပ်တိုးတိုးရယ်ရင်း ဆိုလာတဲ့ Namjoon စကားသံကြားမှ အားလုံးပြုံးနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေဟာ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်အောင်ဖန်တီးပေးတက်ကြသည့် အကောင်းဆုံး မိသားစု၀င်တွေပင်။
Ending...~💟
Start from the beginning
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)