အနည်းငယ် စောင်းနေတဲ့ နက်ခ်တိုင်ကို ပြန်စည်းပေးရင် ပြောလာတဲ့ အနှိီးလူသားဟာ လက်ထပ်ထားတာကြာပြီ ဆိုပေမယ့်လည်း အခုထိသ၀န်တိုတက်တုန်း။
"ကဲရပြီ။ သွားရအောင်။ ယောင်းငယ် စောင့်နေလောက်ပြီ။"
"Namjoon Hyung တို့ကတော့ သွားနှင့်ပြီ။ ဟိုရောက်ရင်ဆုံမယ်တဲ့။"
"ဒါဆိုဟန်နီတို့လည်း ယောင်းကိုကြိုပြီးသွားကြာတာပေါ့။"
ဒီလိုနဲ့ ယောင်းငယ်ဆီကိုသွားကာ ယောင်းငယ်ကို ၀င်ကြိုတော့ ယောင်းငယ်ဟာ အရင်တိုင်းလှနေဆဲပင်။
သို့သော် Jungkook ထွက်သွားတဲ့ အချိန်ကတည်းက ယောင်းငယ်ရဲ့ အပြုံးတွေ မမြင်ရတော့တာ အတော်ပင်ကြာလေပြီ။ ဒါကလည်း ယောင်းငယ်အပြစ်မှမဟုတ်ပဲလေ။
ဤသည်နှင့် သုံးယောက်သား Jungkookရဲ့ပါတီကို ထွက်လာလိုက်ကြသည်။ ပါတီရောက်တော့ Euphoria ဆိုတဲ့ကုမ္ပဏီဟာ ဘယ်လောက်တောင် မိတ်များလိုက်သလဲ။ ပါတီထဲတွင်အထက်တန်းလွှာ လူတွေမှအပြည့်ပင်။
ယောင်းငယ်က ကျစ်တချက်စုတ်သပ်ကာ ကားပေါ်ကဆင်းပြီး စိတ်ရှုပ်နေဟန်။ ဒီလိုလူများတဲ့နေရာတွေ ယောင်းငယ် သဘောမကျတာ သ်ိပေမယ့်လည်း ဒါဟာ သူတို့ရဒ့ Jungkook နဲ့တူတဲ့ Jungkook ရဲ့ပါတီမဟုတ်လား။
သူတို့သုံးယောက်ကိုမြင်တော့ Jungkook ဆိုတဲ့ ကောင်လေးက ပြုံးကာ ထွက်ကြိုလေသည်။ ဒါပေမဲ့ ထိုကောင်လေး၏ မျက်လုံးတွေကတော့ ယောင်းငယ်ဆီမှာသာ ဝဲပျံနေလေ၏။
"Hyung တို့ရောက်လာပြီလား။ ကျွန်တော် နေရာစီစဥ်ပေးမယ်။ ဒီဘက်လိုက်ခဲ့နော်။"
Yoongi တို့လည်း Jungkook စီစဥ်ပေးတဲ့ VIP ၀ိုင်းမှာထိုင်လိုက်ကြသည်။ Namjoonတို့ကလည်း ထို၀ိုင်းမှာ ထိုင်နေတာမို့ အားလုံးတစ်၀ိုင်းထဲ ဖြစ်သွားလေ၏။
"ယောင်းငယ်လေး...မတွေ့တာတောင်ကြာပြီ။"
Jin ကဘေးမှာထိုင်နေတဲ့ ယောင်းငယ်လေးရဲ့ ဆံနွယ်တွေကို သပ်တင်ပေးပြီး ပြောလေသည်။ အသက်တွေဘယ်လောက်ပဲကြီးကြီး၊ နှစ်တွေ ဘယ်လောက်ပဲကြာကြာ ယောင်းငယ်ဟာ သူတို့အားလုံးအတွက်တော့ ကလေးငယ်တစ်ယောက်လိုပင်။
Ending...~💟
Start from the beginning
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)