Jeon ကိုလည်းလွမ်းတယ်။ ထိုလူကိုလည်း စိတ်၀င်စားမိတယ်။ ထိုလူနဲ့ Jeon ဟာ တစ်ယောက်ထဲဆို ဘယ်လောက်ကောင်းလိုက်မလဲ။ မဖြစ်နိုင်တာလည်းသိတယ်။ အဓိပ္ပာယ် မရှိတာလည်းသိတယ်။ ဒါပေမယ့်လည်း လူတိုင်းမှာ နောက်တစ်ကြိမ်ဆိုတာ ရှိစမြဲမဟုတ်လား။

"ကျွန်တော် ခင်ဗျားကိုရအောင်ပြန်ယူမှာ Jeon~..."

..............................

"ဟန်နီ ဒီနေ့ Euphoria ပါတီကို သွားရမယ့်နေ့နော်။"

"ကျွန်တော် စိတ်လှုပ်ရှားနေတယ်။ ဒါလင်။"

"စိတ်ထိန်း ဟန်နီ။ သူကကိုယ်တို့သိတဲ့ ယောင်းငယ်လေးရဲ့ Jeon မဟုတ်ဘူးနော်။"

"သိတယ်။ ဒါပေမယ့်...လက်မခံနိုင်သေးဘူး။"

"ကိုယ်တို့အကဲခတ်ကြည့်ကြတာပေါ့။"

"ကောင်းပါပြီ။ ဟန်နီအဆင်သင့်လုပ်ထားလိုက်တော့မယ်။"

ထို့နောက်သူလည်း ရေချိုးခန်းထဲဝင်ကာ လန်းဆန်းအောင် ရေချိုးချလိုက်သည်။ ပြီးတာနှင့် ရေချိုးပြီးတော့ ချစ်ရတဲ့ ခင်ပွန်းကိုယ်တိုင် စီစဥ်ပေးထားတဲ့ အပြာရောင် Suitလေးအား ၀တ်လိုက်သည်။

ယောင်းငယ်ပြန်ပြီး သက်သာသွားတော့ သူလည်း ကျောင်းဆက်တက်ကာ ကျောင်းပြီးတော့ Yoongiနဲ့နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြလေ၏။

အခုတော့ Yoongi ဟာ သူ့၏ mate ဘက်ရာထူးကနေ သူ၏အမျိုးသားရာထူးသို့ တဆင့်ထပ်တက်သွားလေပြီ။

အိမ်ပေါ်ထပ်က ဆင်းလာတဲ့ ချစ်ရသူဟာ သူ့ကိုပြုံးပြီးစိုက်ကြည့်လေသည်။ အနည်းငယ်ရှက်လို့  ရင်ခွင်ထဲ တိုး၀င်တော့ ခပ်တိုးတိုးရယ်ပြန်၏။ ဒီလူကြီးဘာတွေသဘောကျလို့ ပြုံးလိုက် ရယ်လိုက် လုပ်နေသလဲ မတွေးတက်တော့ပေ။

"ရယ်နေတဲ့ ကျွန်တော် Alpha ဘာတွေ သဘောကျစရာရှိနေလို့လဲ။"

ချစ်စရာကောင်းအောင် ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် မော့ကြည့်ကာ မေးလာသည့် သူ့ Omega လေး။

"ကိုယ့် Omega လေးက သိပ်လှနေလို့လေ။"

"ဟုတ်လား။ ဒီကဟန်နီရဲ့ Alpha ကလည်း များကြီး ကြည့်ကောင်းနေတာမို့ ဟိုရောက်ရင် အနားမှာပဲနေရမယ်နော်။"

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now