စိတ်ရောဂါဆေးရုံကြီးမှာ တနှစ်ကျော်ကုသပြီးချိန်မှာတော့ သူလည်းအမှန်တရားကို လက်ခံလာခဲ့တော့သည်။ Jeon မရှိတော့ဘူးဆိုတာကို တဖြေးဖြေး နားလည်လက်ခံလာသည်။ နောက်တော့ သူ့ကိုယ်သူပြန်ပြီးထိန်းချုပ်နိုင်ခဲ့လေ၏။
ဒါကြောင့်လည်း အခုချိန် သူလူကောင်းတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ခဲ့လေပြီ။
ကျောင်းဆက်တက်ပြီး ဘွဲ့ရပြီးချိန်မှာတော့ အဖိုး Park က သူ့အတွက် Company ခွဲ တစ်ခုဖွင့်ပေးခဲ့သည်။ ထိုကုမ္ပဏီကိုပဲစိတ်နှစ်ပြီး အုပ်ချုပ်ဖြစ်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ဒီလိုနဲ့ ကျွန်တော်ဘ၀မှာ မေ့မရခဲ့တဲ့ အတိတ်ကခံစားချက်တွေဟာလည်း အချိန်ကြာလာသည်နှင့်အမျှ အနည်ထိုင်သွားပြီဖြစ်သလို အရာအာလုံးဟာလည်း နောက်ဆုံးတော့ နေသားကျသွားတော့၏။
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်ကအချိန်တွေ မရောက်ခင်အထိပေါ့။ အဲ့ဒီနေ့က Jiminie သူ့ဆီရောက်လာတယ်။ ပုံတစ်ပုံ ကျွန်တော်ကိုပေးပြီး သူပြောလာတဲ့စကားက "Jeon ပြန်လာပြီ" တဲ့လေ။
သိသိချင်းတုံးက သူ့မှာလက်မခံနိုင်။ အရူးတယောက်လို ကျွန်တော်ပျော်နေခဲ့သည်။ ဒါပေမယ့် ကိုယ်ဟာ အရွယ်ရောက်ပြီး တည်ငြိမ်တဲ့သူတစ်ယောက် ဖြစ်နေပြီမို့ ထိုအကြောင်းအရာအတွက် ခိုင်လုံတဲ့ အချက်အလက်တွေ စုံစမ်းခဲ့၏။
အဲ့ဒီအချိန်မှာသိလိုက်ရသည်က ထိုလူဟာ Jeon ဟုတ်မနေခဲ့ပေ။ ရုပ်ချင်းဆင်သလို နာမည်ကအစတူနေသော်လည်း သူဟာ Jeonမဟုတ်ခဲ့ပေ။ ထို့အပြင် ထိုလူ၏ မျိုးရိုးကိုလည်း စုံစမ်းလို့မရသလို။ သူ့ကို သူဌေးကြီးတစ်ယောက်က မွေးစားထားတာကလွဲလို့ တခြားဘာမှမသိခဲ့ရပေ။
နောက်တခုက ထိုလူဟာ စေ့စပ်ထားပြီးသား မိန်းကလေးရှိတဲ့သူ တစ်ယောက်ပင်။ Jeon မဟုတ်ပေမယ့် Jeonနဲ့အရာအားလုံး ထပ်တူကျနေတဲ့ ထိုလူကိုပိုင်ဆိုင်ချင်မိတာ သူ၀န်ခံပါသည်။ ဒါပေမယ့် ဒါဟာနည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သည်မဟုတ်လား။
"Jeon~...ကျွန်တော်ခံစားချက်တွေ အနည်ထိုင်သွားတော့မှ ဘာလို့ပြန်ပေါ်လာချင်တာလဲ။"
Ending...~💟
Comenzar desde el principio
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)