"Jeon~...."

"ကျွန်တော် Euphoria Companyရဲ့ CEO Jeon Jungkookပါ။"

"Jeon~...မဟုတ်ဘူးပဲ..."

နာမည်ရော။ ရုပ်ရော။ တူနေတဲ့ Jungkook ဆိုတဲ့သူဟာ Jeon မဟုတ်ခဲ့ဘူးပဲ။ ဟုတ်တယ်လေ။ Jeon ဒီလောကကြီးက ထွက်သွားတာ 5နှစ်တောင်ကြာခဲ့ပြီပဲ။ ဒါဆိုဘာလို့ ဒီလူက Jeon နဲ့ အကုန်တူနေရတာလဲ။

သူ့ကြည့်တာကြာသွားတယ်ထင်ပါရဲ့။ ထိုလူကသူ့ကိုပြုံးပြီး စိုက်ကြည့်နေသည်။ ဟင့်အင်း။ သူက Jeon မဟုတ်ခဲ့ဘူး။ Jeon အကြည့်ကရဲတင်းတယ်။ ပြတ်သားတယ်။ ထိုလူအကြည့်က တည်ငြိမ်တယ်။ အေးချမ်းတယ်။ မတူခဲ့ပြန်ဘူး။

"CEO Park Taehyung ကျွန်တော်ကို မြင်ဖူးလို့လား။ လူရင်းတယောက်လို စိုက်ကြည့်နေလို့။"

ကျွန်တော်မေးတာကို မဖြေပဲ ဟက်ခနဲရယ်ကာ တဖက်ပြန်လှည့်သွားတဲ့ထိုကောင်လေးရဲ့ မျက်၀န်းတွေဟာ အေးစက်သလို။ နည်းနည်းလေးတောင် ခန့်မှန်းလို့မရသည့်မျက်ဝန်းသေတွေပင်။ ရေဒီယိုကလာနေတဲ့ သီချင်းသံလေးကတော့ ကျွန်တော်တို့ နှစ်ယောက်ကြားထဲ ပျံ့လွင့်နေဆဲ။

"ဘာကိစ္စလဲ။"

အတွေးလွန်နေတုန်းက အရှေ့က ခပ်တိုးတိုးအသံကြောင့် Jungkook စိတ်တွေပြန်ထိန်းရင်း စကားဆက်လေရဲ့။

"ရှယ်ယာ၀င်တဲ့ ကိစ္စလေးတိုင်ပင်ချင်လို့ပါ။"

"Jeon...sorry CEO Jeon Jungkook နဲ့ ကျွန်တော် နောက်ရက်မှတိုင်ပင်ကြတာပေါ့။ ဒီနေ့ ကျွန်တော်စိတ်ရှုပ်စရာလေးရှိနေလို့။"

"ကောင်းပါပြီ။ ဒါဆိုနောက်ရက်မှ ပြန်လာခဲ့ပါ့မယ်။ ခွင့်ပြုပါဦး။ ယောင်း။ အော်...ဒီလိုခေါ်လို့ရမလား။ ခင်ဗျားနဲ့ ကျွန်တော်  ရင်းနှီးနေသလို ခံစားမိလို့ပါ။"

"အင်း ခင်ဗျားသဘော။"

"ကိုယ့်ကိုယ်လည်း Jeonလို့ပဲခေါ်ပါ။ ကိုယ်သွားပြီ။ ယောင်း။"

အခန်းထဲကနေ ထိုလူထွက်သွားတော့မှ Taehyung တင်းထားသမျှ ငိုချမိတော့သည်။ လွန်ခဲ့တဲ့နှစ်တွေက သူစိတ်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပေမယ့် အနားမှာရှိသမျှလူတွေက ထိုအခြေအနေဆိုးကြီးကနေ သူ့ကိုရအောင် ကယ်ထုတ်ပေးခဲ့သည်။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now