Ep 24

1.8K 105 9
                                    

Zawgyi

Ep 24

"ငယ်..ငယ် ဘယ်ကိုသွားမလို့လဲ"
ခေါင်းအုံးကို ကိုင်ပြီး ဆိုဖာရှိတဲ့ဘက်ကို
သွားဖို့ ပြင်နေတဲ့ ရှောင်ကျန့်ကို
ရိပေါ်လှမ်းမေးလိုက်တော့
မျက်စောင်းထိုးပြီး မကြည်ကြည့်ကြည်လာတဲ့
ရှောင်ကျန့်ရယ်ပါ

"ဟိုမှာ သွားအိပ်မလို့..ခင်ဗျားနဲ့ တစ်ကုတင်တည်း မအိပ်နိုင်ဘူး.."

ငယ်ရာ မင်းကိုယ့်ကို ဘယ်လောက်ထိ
စိတ်ဆိုးနေလို့ ကိုယ်နဲ့တောင်
တူတူမအိပ်နိုင်ရတာလဲ..

"အဲ့လို မလုပ်ပါနဲ့..ကိုကိုအလယ်မှာ ဖက်လုံးခြားပေးမယ်လေ..မပေါ့မပါးကြီးနဲ့ကိုကွာ.."
ရိပေါ်က တောင်းပန်သလိုနဲ့ပြောတော့

"တော်တော့.ဝမ်ရိပေါ် ..ခင်ဗျားလို လူမျိုးနဲ့
တစ်ကုတင်တည်းအိပ်ဖို့ မပြောနဲ့ ..မျက်နှာတောင် မမြင်ချင်ဘူး....မတတ်သာလို့သာ.."
ရှောင်ကျန့် ရိပေါ်ကို ပြောပြီး
ဆိုဖာပေါ်သို့ သာ သွားအိပ်ဖို့ ခြေလှမ်းများ
ပြင်ဆင်လိုက်လေသည်

ငယ့်ကို ဘာတွေကများ ဒီလေါက်ထိပြောင်းလဲသွားစေရတာလဲ
ကိုယ် ဒီလေါက်တောင် ချစ်ပေးခဲ့ရဲ့နဲ့ကွာ
ကိုယ့် မျက်နှာကို မမြင်ချင်လောက်အောင်ထိကို
မုန်းနေတာတဲ့လား
မခံစားနိုင်ဘူး ရင်ထဲမှာ နင့်နေတာပဲ ငယ်....

"မသွားပါနဲ့..ငယ် အဲ့မှာ အိပ်စရာမလိုပါဘူး
ကိုကိုပဲ အိပ်ပါ့မယ် ..ငယ့်မှာက ကလေးလေးနဲ့လေ ..."
ရိပေါ် ကုတင်ပေါ်က ဆင်းပြီး
သူ ပဲ ဆိုဖာပေါ်မှာ အိပ်မယ်ဟု ပြောလိုက်သည်

"ခင်ဗျားရဲ့ ကြင်နာမှုတွေကို နည်းနည်းလေးမှ
မလိုချင်ဘူး.ဒါကြောင့် ခင်ဗျား အိပ်စရာမလိုဘူး.."

"ကိုယ့် မျက်နှာကို မထောက်ရင်တောင်
ကလေးမျက်နှာတော့ ထောက်လေကွာ
ကလေးနဲ့ကို ဆိုဖာပေါ်အိပ်တော့ ငယ်ပဲ
ထိခိုက်မှာပေါ့...."
ရိပေါ်က ကလေးထိခိုက်မှာစိုးတာကြောင့်
ပြောတော့မှ

"ရှိစေတော့..ကလေးကြောင့်မို့လို့ ..ခင်ဗျားကတော့..အဲ့ ဆိုဖာမှာသွားအိပ်..."
ရှောင်ကျန့် ကုတင်ပေါ်တက်ကာ
အိပ်သွားလေသည်

ရိပေါ်ကတော့ ဆိုဖာပေါ်ကိုသွားကာ
"အိပ်ရတာ မသက်သာလှတဲ့ ဒီအပေါ်မှာ
ငယ်က အိပ်ချင်သေးတယ်ပေါ့..အဲ့ဒါလည်း
ကိုယ့်ကြောင့်တဲ့လားကွာ..
ကိုယ်တောင်းပန်ပါတယ်..ကိုယ်..ကိုယ်..မင်းကို
လွှတ်မပေးနိုင်ဘူး..အရမ်းချစ်တာမို့...."

💛Please Don't Go Away💛Where stories live. Discover now