Ep 23

1.8K 117 11
                                    

Zawgyi

Ep 23

ကိုရီးယားက ပြန်လာပြီး ရိပေါ်နဲ့ရှောင်ကျန့်
တစ်ယောက်နဲ့ တစ်ယောက်အရမ်းကိုချစ်ပြီး
ပျော်ရွှင်စွာနေခဲ့ကြသည်
ဒီနေ့ကို မရောက်ခင်အထိပေါ့....

"ဝေါ့....ဝေါ့..."
ရှောင်ကျန့် အန်နေတာကို တွေ့လို့
ကြီးကြီးမေက ကျောပြင်လေးကို ထုပေးကာ

"သားကျန့် အဆင်ပြေရဲ့လား..ဘာတွေစားမိလို့လဲ..အစာမကြေဘူးထင်တယ်..."

"ဝေါ့...အစာမကြေရအောင်လည်း..ဘာမှစားမထားပါဘူး..ဒီ ရက်ပိုင်းဘာဖြစ်နေမှန်းမသိဘူး"
ရှောင်ကျန့် ​အန်ပြီးတော့ ကြီးကြီးမေကို
အကျိုးအကြောင်းပြောပြလေသည်

"သားကျန့် ဆရာဝန်နဲ့ ပြကြည့်ပါလား..ကြီးကြီး
လှမ်းခေါ်ပေးမယ်လေ.."

"ဟုတ် ကြီးကြီး သားနေမကောင်းတာ ရိပေါ်ကို မပြောပါနဲ့နော်..စိတ်ပူနေမှာဆိုးလို့.."

"ဟုတ်ပါပြီရှင်..."
ကြီးကြီးမေလည်း ဒေါက်တာကို
လှမ်းခေါ်လိုက်လေသည်

"ဗျာ...ကျွန်တော်..ကျွန်တော့်မှာ..မဖြစ်နိုင်တာ
ကျွန်တော်က ယောက်ျားလေးလေ.."
ဒေါက်တာပြောလိုက်သော စကားကို
ရှောင်ကျန့် မယုံကြည်နိုင်ဖြစ်နေသည်

"ဟုတ်ပါတယ် သေချာစစ်ပြီးပါပြီ
ခင်ဗျားမှာ ကိုယ်ဝန်ရှိနေတာ သေချာပါတယ်.."
ဒေါက်တာ က သေချာကို ပြောနေတော့
ရှောင်ကျန့် ပျော်ရမလို ငိုရမလိုနဲ့
ဖြစ်နေသည်
ဒါပေမဲ့ သူသိသည် ရိပေါ်သာ သိရင်
ပျော်မယ်ဆိုတာ.....

"ဘယ်လိုဖြစ်လို့..ဘယ်လိုဖြစ်ပြီး..ကိုယ်ဝန်ကရသွားတာလဲ.."
အကြောင်းအရင်းကို သိချင်လို့ ရှောင်ကျန့်က
မေးကြည့်တော့

"ခင်ဗျားမှာ သားအိမ်ပါနေလို့ပါ..ဖြစ်တတ်ပါတယ် ရှားတော့ရှားတယ်...အခုတော့ နားလိုက်ဉီး..ကိုယ်ဝန်က နှစ်လ ရှိပါပြီ..."
ဒေါက်တာ ပြောပြီး ပြန်သွားလေသည်

"ကြီးကြီး  သားကြောက်တယ်..ကျွန်တော် ကျွန်တော်က သားအိမ်ပါနေတယ်တဲ့
ရိပေါ်က စိတ်ပျက်ပြီး ထားသွားရင် ဘယ်လိုလုပ်မလဲဟင်..."
ရှောင်ကျန့် ကြီးကြီးမေကို မျက်နှာငယ်လေးနဲ့
ပြောလိုက်တော့

💛Please Don't Go Away💛Where stories live. Discover now