Ep 5

2K 146 4
                                    

Zawgyi

ရှောင်ကျန့် luggageပြင်ပြီးသည်နှင့်
"ရပါပြီ ရိပေါ်.."
ဆိုပြီး ပြောတော့
"သွားမယ်.."
ရိပေါ် ပြောပြီး ရှေ့က ထွက်သွားလေသည်

"အယ် သူက ထွက်သွားတော့ ငါက
အိတ်နှစ်လုံးကြီး ဘယ်လို သယ်ရမှာလဲ..
လူယုတ်မာကြီး.."
ရှောင်ကျန့် ပွစိပွစိပြောလာကာ
အိတ်နှစ်လုံးကို မနိုင်မနင်းနဲ့ သယ်လာပြီး
ခြံရှေ့ရောက်တော့ ရိပေါ်က ကားပေါ်က
စောင့်နေလေသည်

"ဟွန့် ..ကားပေါ်ကို အထုပ်တွေ ကူသယ်ပေးမယ်တော့ မရှိဘူး..သူ့ကြ ဇိမ်နဲ့ ထိုင်နေတယ်..
လက်စသတ်တော့ ငါ့ကို ခိုင်းဖို့ ခေါ်တာပဲ..."
ရှောင်ကျန့် ကားပေါ်ကို အထုပ်တွေ တင်ပြီး
ရိပေါ် ဘေးနားဝင်ထိုင်ပြီး
"သွားလို့ ရပါပြီ ..သခင်ကြီး.."

"ဘာ.."
ရိပေါ် ရဲ့ ဘာဆိုတဲ့ အသံကြီးကြားတော့
"ဘာ..ဘာ..ဘာမှမဟုတ်ပါဘူး...😁"
ရှောင်ကျန့် သွားကြီးဖြီးပြပြီး
ငြင်းလေသည်

"မောင်းလို့ရပြီ.."
ရိပေါ် driverကို မောင်းဖို့ ပြောလိုက်တော့
driverက လေဆိပ်ကို လိုက်ပို့လေသည်

လေဆိပ်ကို ရောက်တော့
လေယာဉ်ထွက်ဖို့ လိုသေးတာကြောင့်
ထိုင်စောင့်နေရသည်

ထိုင်နေရင်း
ရိပေါ်ကတော့ ဖုန်းကို ကြည့်နေကာ
အလုပ်ရှုပ်နေလေသည်
ကျန့်ကျန့်ကတော့ သူ့ဘေးနားမှာ ထိုင်ပြီး
ဘာလုပ်ရမှန်းလည်း မသိ
ကြောင်တောင်တောင်လေး ဟိုငေးဒီငေးပေါ့

"ဟိုကောင်လေးက ချောလိုက်တာနော်.."

"အေးဟယ် ချစ်စရာလေး..ငါ့ကောင်လေးသာဖြစ်လိုက်တော့ပါလား.."

ရိပေါ် ဖုန်းကြည့်နေတုန်း ဘေးခုံကပြောသံတွေ
ကြားတော့ ဖုန်းကို အာရုံစိုက်ထားတာကို
ခဏဖြတ်ထားပြီး
ဘေးဖက်ကို ကြည့်လိုက်တော့
ကောင်မလေးနှစ်ယောက်က ရှောင်ကျန့်ကို
ကြည့်ပြီး ချောကြောင်းတွေ ပြောနေကြတာလေ

အမယ် ဟိုဟာလေးကလည်း
အဲ့ကောင်မလေးတွေကို ကြည့်ပြီး
ပြုံးပြလိုက်သေး
အဲ့ဒါကြောင့်လည်း သူ့ကို အပြင်မသွားခိုင်းဘဲ
အိမ်ထဲမှာပဲ နေခိုင်းတာ

"အဟမ်း.."
ရိပေါ် ချောင်းဟန့်လိုက်တော့

ပြုံးပြနေတဲ့ ရှောင်ကျန့်က မျက်နှာပိုးသတ်ပြီး
"ဘာဖြစ်လို့လဲ ရိပေါ် နေမကောင်းလို့လား.."

💛Please Don't Go Away💛Where stories live. Discover now