Ep-8

6.6K 379 12
                                    

ပေကျင်းကိုပြန်လာတဲ့လမ်းလေးကတော့သာယာနေခဲ့တယ်...

ဝမ်ရိပေါ်...ဝမ်ရိပေါ်..မလုပ်နိုင်တာမရှိဘူးဆိုတဲ့ဝမ်ရိပေါ်..

မဟုတ်ကဟုတ်ကတွေလဲလုပ်တတ်တဲ့ဝမ်ရိပေါ်

တကယ်တော့သူကလူချောလေးပါ

ဒါဆိုငါကရော

ချောတော့ချောပါတယ်..ဒါပေမယ့်ဝမ်ရိပေါ်လောက်တော့မချောဘူးပေါ့

ငါခေါက်ထည့်လိုက်ရ...

အား...ကယ်ကြပါအုံး...ရှောင်းအဖိုးကြီးကဝမ်လေးကိုအနိုင်လာကျင့်နေတယ်..

အော်ထားအုံးပေါ့...အိမ်ပြန်ရောက်တော့မှအသေလုပ်ပစ်အုံးမယ်

ရိပေါ်လဲသူ့ရင်ဖက်မှာလက်လေးနှစ်ဖက်ယှက်ပြီး

ဘာလုပ်မှာလဲကိုကို

ရိုက်မှာကိုပြောတာ

အော်....တော်ပါသေးရဲ့

တီတီတီ

ဖုန်းလာနေတယ်ကိုကို

မားဆက်တာ...မင်းကိုင်ပေးလေ

ဟုတ်

📲ဟယ်လိုမား..

📲ဝမ်လေး..မြေးလေးနေမကောင်းလို့.သားတို့မြန်မြန်ပြန်လာခဲ့ပါအုံး

📲ဗျာ..ပြန်.ပြန်လာနေပြီမား

ကိုကို..မြန်မြန်မောင်းပေးပါ..ဝမ်လေးသားသားကိုစိတ်ပူလာပြီ

စိတ်အေးအေးထားပါကွာ..သားကဒီတိုင်းနေမကောင်းဖြစ်တာနေမှာပါ...

အဟင့်.အဲ့တာဝမ်လေးကြောင့်...ဝမ်လေးကြာနေလို့အိမ်ပြန်တာလဲကြာနေတာ..မနေ့ကသာဒီကိုတန်းမပြန်လာဘဲအိမ်ဝင်လိုက်ရင်သားသားနေမကောင်းဖြစ်မှာမဟုတ်ဘူး..

မငိုပါနဲ့ကွာ..သားသားဘာမှမဖြစ်ခင်မင်းရောဂါဖောက်လာလိမ့်မယ်...

အဟင့်..အင့်..အသက်ရှူရတာတောင်အဆင်မပြေတော့ဘူး

ဆေးသောက်ထားမလား

ရတယ်ကိုကို..သားသားစီရောက်အောင်သာမြန်မြန်မောင်းပေးပါ

ရှောင်းကျန့်လက်တစ်ဖက်နဲ့ကားမောင်းကာရိပေါ်လက်လေးကိုကျန်လက်တစ်ဖက်ကကိုင်ထားပြီး

My husband is my Ge Ge(Completed)Donde viven las historias. Descúbrelo ahora