Ep-4

7.1K 438 0
                                    

အချိန်တွေတစ်ရွေ့ရွေ့နဲ့ကုန်လာလိုက်တာရိပေါ်ရဲ့ကိုယ်ဝန်လဲ၉လထဲရောက်လေပြီ...

-အား..ကျွတ်ကျွတ်

-သခင်လေး..ရလားအားယွင်တွဲပေးမယ်လေ

-အင်း

အားယွင်လဲသူ့သခင်လေးကိုတွဲကာဆိုဖာပေါ်ထိုင်ခိုင်းပြီး

-ဘာစားမလဲသခင်လေး.အားယွင်ဘာလုပ်ပေးရမလဲ

-အင်း..ငါ့ကိုနွားနို့လေးဘဲဖျော်ပေး

-ကိတ်မုန့်လဲရှိတယ်လေသခင်လေး

-အင်း..ယူလာခဲ့

ညနေရောက်တော့..

တီတီတီ..

အိမ်တော်ထဲကိုဒေါကြီးမောကြီးနဲ့ဝင်လာတဲ့ရှောင်းကျန့်

-အားယွင်.နင့်သခင်လေးရော

-အပေါ်ထပ်မှာပါရှောင်းသခင်လေး.အားယွင်သွားခေါ်ပေးရမလား

-ရတယ်.ငါဘဲသွားခေါ်လိုက်မယ်

ဒုန်း

-ကိုကို..

ရှောင်းကျန့်အခန်းထဲဝင်လာတော့ခုတင်ပေါ်မှာလှဲနေတဲ့ရိပေါ်ကဗိုက်လေးကိုထိန်းကိုင်ကာခုတင်ပေါ်ကထလာပြီး

-ကိုကိုပြန်လာပြီလား

-မင်းဘာလို့ငါ့ကုမ္ပဏီကိုလာရတာလဲ

-ကိုကိုနေ့လည်စာစားရအောင်လို့ပါ.ရုံးကအစားစာတွေဘဲစားနေရတော့ရိုးနေမှာဆိုးလို့ဝမ်လေးကထမင်းလာပို့ပေးတာပါ

-အေး.မင်းအဲ့လိုလုပ်တော့ငါ့ကုမ္ပဏီကလူတွေကငါ့ကိုအထင်သေးသလိုဆက်ဆံကြတယ်ကွ.CEO တစ်ယောက်လုံးဖြစ်တဲ့ငါကဝန်ထမ်းတွေအဲ့လိုလုပ်တာခံရတာဘယ်လောက်တောင်စိတ်တိုရလဲဆိုတာမင်းသိလား

-ဝမ်လေးတောင်းပန်ပါတယ်ကိုကို

-အမှားတစ်ခုလုပ်ပြီးရင်မျက်နှာငယ်နဲ့ဘဲတောင်းပန်နေလိုက်.သိလား! ဘယ်တော့မှအမှားမလုပ်မိဖို့မစဉ်းစားဘူး

-ဝမ်လေးတောင်းပန်ပါတယ်ကိုကို..ဝမ်လေး..အင့်

ရိုက်ငိုနေရင်းရင်ဖက်ထဲကဆူးအောင့်လာတာကြောင့်ရင်ဖက်နေရာကိုလက်နဲ့ဖိလိုက်ကာကြမ်းပြင်ပေါ်ဒူးထောက်ရက်ကျသွားတော့ရှောင်းကျန့်လဲလန့်သွားကာ

My husband is my Ge Ge(Completed)Where stories live. Discover now