Ep-2

8.7K 468 7
                                    

တစ်လကြာပြီးနောက် ဝမ်အိမ်တော်၌...

ဝေါ့..အော့..

“သခင်လေး..သခင်လေးဘာဖြစ်လို့လဲ”

“အားယွင်.ငါအဲ့ဟင်းတွေမစားချင်ဘူးအနံ့ကြီးကဆိုးလိုက်တာ”

“ဒါသခင်လေးကြိုက်တဲ့ငါးဟင်းလေ”

“အခုမစားချင်ဘူး..”

“ဟုတ်ကဲ့သခင်လေး.အားယွင်ဘာဝယ်ပေးရမလဲဟင် ဒီရက်ပိုင်းသခင်လေးအစားလဲသိပ်မစားဘူးနော်”

“ရတယ်..မစားတော့ဘူး.ငါအခန်းထဲမှာဘဲနားနေတော့မယ်”

“ဟုတ်ကဲ့သခင်လေး”

ထမင်းစားခန်းထဲကထထွက်သွားပြီးလှေကားနားရောက်တော့လဲကျသွားတဲ့သခင်လေးကြောင့်အားယွင်လဲလန့်သွားကာ

“သခင်လေး...သခင်လေးသတိထားအုံးလေ”

ရှောင်းကျန့်လဲသူ့ရဲ့မင်္ဂလာပွဲအတွက်ဖိတ်စာကိုဝမ်အိမ်တော်ကိုလာပေးရင်းအားယွင်ရဲ့အသံကြောင့်အိမ်တော်ထဲပြေးဝင်လာကာ

“ဝမ်လေး..”

“ရှောင်းသခင်လေး.လုပ်ပါအုံးသခင်လေးဘာဖြစ်သွားတာလဲမသိဘူး”

ရှောင်းကျန့်လဲကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ရိပေါ်ကိုပွေ့ချီကာဝမ်အိမ်တော်က ကားdriverကိုခေါ်ပြီးဆေးရုံကိုသွားလေတယ်။သူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာလေးကတော့ဝမ်အိမ်တော်ရဲ့ကြမ်းပြင်ပေါ်မှာကျကျန်ခဲ့လေတယ်။

ဆေးရုံရောက်တော့ဆရာဝန်တစ်ယောက်ကအကြာကြီးစမ်းသပ်နေပြီးပြန်ထွက်မလာသေးတဲ့အပြင်နောက်ထပ်ဆရာဝန်တစ်ယောက်ကပါအခန်းထဲထပ်ဝင်သွားတာကြောင့်ရှောင်းကျန့်လဲပိုပြီးစိုးရိမ်လာခဲ့တယ်။

ငယ်စဉ်ကတည်းကမိဘတွေမရှိတော့တဲ့ဝမ်ရိပေါ်လေးကမွေးရာပါနှလုံးအားနည်းတဲ့ရောဂါလဲရှိတာကြောင့်ရှောင်းအိမ်တော်တစ်ခုလုံးကသားအရင်းလိုစောင့်ရှောက်ပြီးရှောင်းကျန့်ကလဲညီလေးတစ်ယောက်လိုအမြဲဂရုစိုက်ကာအသက်ရွယ်ရောက်လာတော့ကိုယ်ပိုင်စံအိမ်တစ်ခုကိုဝယ်ပေးပြီးစံအိမ်နာမည်ကိုတော့ဝမ်အိမ်တော်လို့ဘဲပေးခဲ့တယ်။ ဒါပေမယ့်..မတော်တဆဖြစ်သွားခဲ့တဲ့အမှားကြီးကသူတို့ရဲ့ညီအကိုသံယောစဉ်ကိုပျက်စီးသွားစေခဲ့တယ်။

My husband is my Ge Ge(Completed)Onde histórias criam vida. Descubra agora