စိတ်မကြည်သော်လည်း မနှောက်ယှက်ချင်တာကြောင့် ဖိနပ်စင်နားမှာ ထိုင်ကာဖြင့် ဖိနပ်ကြိုးကိုသာ အငြိုးဖြင့် ချည်နေမိသည်။

' အခုမှအိမ်ကနေထွက်မှာ လွမ်းလည်းခဏစောင့်ပေါ့ကွာ.. '

ရယ်သံလေးတွေပါ ပါနေသည်မို့ လှည့်ကြည့်လိုက်တော့ အတောက်ပဆုံးပြုံးနေတာပါလား..

တောက်ပပေမယ့် ကိုယ်နဲ့မဆိုင်သည်မို့ သိပ်သဘောမကျချင်..။

' ထယ် သွားရအောင်လေ '

လေသံဖျော့ဖျော့ဖြင့်ပြောသည်မို့ ထယ်ကကျနော့်ဘက်လှည့်ကာ လက်ပြကာဖြင့် ခဏလေးလို့ပြောသည်။

' ကားပေါ်ကစောင့်နေမယ် ပြီးရင်ဆင်းလာခဲ့တော့ '

တံခါးမပိတ်ခင် ချစ်တယ် ဆိုသည့် စကားသံလေးကို ကြားလိုက်ရသေးတာကြောင့် သက်ပြင်းဖွဖွ ချကာဖြင့် ကားထားရာ နေရာကိုသာ တစ်လှမ်းချင်း လျှောက်လိုက်သည်။

ကားထိုင်ခုံပေါ် ခေါင်းမှီကာဖြင့် မျက်လုံးတွေကို မှိတ်ထားမိသည်။

မျက်လုံးတွေကို ခဏမှိတ်ထားလိုက်ရင် အကြောက်တရားတွေက ကင်းလွတ်သွားလိမ့်မယ်လို့ တစ်စုံတစ်ယောက်က နှစ်သိမ့်ပေးဖူးတယ်။

ဒီအချိန်မှာတော့ အဲ့စကားက မမှန်ဘူးပဲ။ အခုချိန်ထိ ကြောက်နေမိတယ်..။

သိပ်မကြာဘူး ကားပေါ်ရောက်လာသည့် ထယ်။ မျက်လုံးတွေ မှိတ်ထားတာတောင် မင်းရနံ့လေးကို သိနေတဲ့ ငါစိတ်တွေက သိပ်ကိုထူးဆန်းတာပဲ။

ဘာအသံကိုမှ မကြားရသည်ကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်တော့ ကျနော့်ကိုသာ မေးထောက်ကြည့်နေသည့် ထယ်..။

ဘာဖြစ်ပြန်တာလဲ ထယ်။

ကျနော့်ကြောင့် နောက်ကျတယ်ဖြစ်မှာ စိုးတာကြောင့် ထိုင်ခါးပတ်ကို ပတ်ကာဖြင့် ကားစီရာတိုင်ပေါ် လက်အတင်

' မျက်နှာလည်းမကောင်းဘူး ဂျွန်။ ဘာဖြစ်နေတာလဲ '

သိရဲ့နဲ့မေးနေသည့် မင်းနှုတ်ခမ်းတွေက ရက်စက်လွန်းတယ်..။

' နည်းနည်းစိတ်ရှုပ်နေလို့ပါ '

မင်းဆိုတဲ့ ထောင်ခြောက်ထဲကို ငါဟာအလိုလိုကျပြီးသားပေမယ့် ရုန်းထွက်ချင်ယောင်ဆောင်မိသည်။ အဲ့ဒါမှ မင်းဒီထက်ပိုပြီး ငါ့နှလုံးသားကို မကစားနိုင်မှာ..။

CLOVER - Volume.1 {Completed}Where stories live. Discover now