You're My Life 💘 (21)

1.1K 71 3
                                    

You're My Life 💘 (21)
Zawgyi 😍

သတိပြန်ရ,ရခြင်းမှာ ခေါင်ထဲမှာရှိနေတာက

" မောင် "

မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်တော့ အလင်းရောင်စူစူးက နေရခက်စေသည်။

ခပ်မြန်မြန်ပဲအသားကျလာတဲ့မျက်လုံးတွေက  " မောင့် " ကိုလိုက်ရှာမိတယ်။

ကျွန်တော့ဘေးမှာ ဘယ်သူတွေရှိတယ် ဘာတွေပြောနေတယ်ဆိုတာလဲ မသိတော့။ ခုတင်ပေါ်ကနေ ခြေအစုံကိုအောက်သို့ချလိုက်တော့…

"သားငယ် ရင်သွေး စိတ်နဲ့ကိုယ်နဲ့ကပ်စမ်း"

" ဒယ်ဒီကိုကို မောင်က မောင်က "

" သားငယ် ဒယ်ဒီ့ကိုကြည့်"

သားဖြစ်သူမျက်နှာပေါ်က မျက်ရည်စတွေကို ညို့ရှင်သုတိပေးနေရင်း

" သားရဲ့မောင်က ဘာမှမဖြစ်ဘူးလေ ဘာမှမဖြစ်ဘူးသားရဲ့ အားလုံးအဆင်ပြေတယ် "

" မောင်က ကျွန်တော့ကြောင့် …… မောင်သာတစ်ခုခုဆို ကျွန်တော့်ကိုယ် ကျွန်တော်ခွင့်လွတ်မှာမဟုတ်ဘူး။ ကံကောင်းလို့ မောင်က ကျွန်တော်ဆီမှာရှိနေသေးတယ်ဆိုပေမယ့် မတော်လို့များ လက်လွတ်လိုက်ရရင်ဆိုတဲ့အတွေးက …… "

သားဖြစ်သူကိုဖက်ထားပေးပြီး နှစ်သိမ့်ပေးနေတဲ့ ညို့ရှင်ဟာလည်း မျက်ရည်တွေရစ်ဝိုင်းလို့။

" သေမင်းနဲ့စစ်ခင်းယူပြီးမှ သားသမီးရတနာလေးတွေဆိုတာဖြစ်လာရတာ။ အဲ့တာကြောင့်လည်း အဖိုးမဖြတ်နိုင်အောင်အသက်နဲ့ရင်းထားရလို့ သားသမီး"ရတနာ"လို့တင်စားကြတာပေါ့။ သားသျှားမာန်မှမဟုတ်ဘူး သားပါပါးကလေး နဲ့ အခြားကိုယ်ဝန်ဆောင်သည်အားလုံး အသက်နဲ့ရင်းထားရတာ။ အဲ့တာကြောင့် သားအပြစ်လို့မခံယူလိုက်နဲ့ သားရဲ့မောင့်ကိုချစ်ရင် သားက အခုချိန်မှာ သျှားမာန်အတွက် ရှေ့ဆက်ဖို့ခွန်းအားဖြစ်နေပေးဖို့လိုတယ်။ အခုလိုပျော့ညံ့လို့မရဘူး။ ဒယ်ဒီပြောတာနားလည်လား။"

"ဟုတ်ကဲ့ ဒယ်ဒီကိုကို "

" သွား …… သားသွားချင်နေတယ်မဟုတ်လား။ သားသျှားမာန်က မနိုးသေးဘူး မေ့ဆေးအရှိန်နဲ့အိပ်နေတုန်း။ "

You're My Life (2021){Complete}Where stories live. Discover now