Ch 1 - pt 3

345 41 1
                                    

[Unicode]

မကြာခင်တွင် ဖုန်းရှင့်နှင့် မုချင်ရောက်လာ၏။ ရှစ်ချင်းရွှမ်ကလည်း ဟယ်ရွှမ်ကို ဆွဲခေါ်လိုက်ကာ အနှီနှစ်ယောက်မမြင်ရစေရန် Frozen standee အနောက်တွင် ဝင်ပုန်းလိုက်၏။

[T/N : Frozenက Elsa, Annaတို့ရဲ့ ပုံနဲ့ standeeတွေလို့ ထင်တယ်]

"ဟမ်..သူတို့ အတူရောက်လာကြတာပဲ.."

ရှစ်ချင်းရွှမ်က ဆို၏။ လေသံကလည်း အတော် အူးမြူးနေသယောင်။

ဒီလိုဆိုရင် သူ့အကြံအစည် အထမြောက်နိုင်ပြီလေ!

သူတို့သည် Frozen standee အ‌နောက်မှနေ၍ ခေါင်းပြူကြည့်လိုက်ကြရာ ပန့်ယွဲ့က ထိုနှစ်ယောက်အား ကဒ်ပြားလေးများ ကမ်းပေးနေသည်ကို တွေ့ရသည်။ ဖုန်းရှင့်နှင့် မုချင်မှာ ကဒ်ပြားများကို ဖတ်ပြီးသော် သန္နိဌာန်ချထားဟန်အပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် မျက်စောင်းထိုးလိုက်ကြ၏။ ထို့နောက် ခပ်သွက်သွက်ပင် Disneyland မြေပုံ ကိုယ်စီ ယူလိုက်ကာ River Safari Ride ဆီသို့ ဦးတည်ကြတော့သည်။

"..မင်း ဘယ်လိုစီစဉ်လိုက်တာလဲ?"

ရှစ်ချင်းရွှမ်က ရှင်းပြသည်။ ထိုကဒ်ပြားများသည် သူ အထူးတလည် ဒီဇိုင်းဆွဲပြီး စာရွက်သားအကောင်းစားဖြင့်ပုံနှိပ်ထားသော Disney event လက်မှတ်အတုများဖြစ်ကြောင်း၊ လက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် နံပါတ်စဉ်လေးများအတိုင်း ဂိမ်းများဆော့ကစားရမည်ဖြစ်ကြောင်း ပြော၏။  ပြိုင်ပွဲဝင်နှစ်ဦးကတော့ ဂိမ်းအမျိုးမျိုး‌ေဆာ့ကစားရမည်ဖြစ်ပြီး Stamp အများဆုံးစုနိုင်သူက အနိုင်ရမည်ဖြစ်သည်။

[T/N : variety showတွေက လိုမျိုးပဲ၊ ဂိမ်းတစ်ခုဆော့ပြီးရင် stamp တစ်ခုရမယ့် သဘောမျိုးပါ]

ဖုန်းရှင့်နှင့် မုချင်က ပြိုင်ဆိုင်လိုစိတ်ပြင်းပြသည်။ သူတို့ကြားရှိ ကတောက်ကဆဖြစ်ခြင်းက နှစ်ယောက်လုံး၏ပြိုင်ဆိုင်လိုစိတ် ပြင်းပြပုံနည်းတူ  ကျော်ကြားနာမည်ကြီးလေသည့်အတွက် ရှစ်ချင်းရွှမ် ဖန်တီးထားသည့် အတုအယောင် eventက အတော်အကွက်ကျသည်ဟု ဆိုလို့ရသည်။

ပြိုင်ဘက်နှစ်ယောက်ကို တစ်နေကုန် အချိန်ကုန်ဆုံးခိုင်းဖို့ ဒီနည်းထက်ကောင်းတာ ရှိပါတော့မလား?

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Feb 27, 2021 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

Matchmaker, Matchmaker [Myanmar Translation]Waar verhalen tot leven komen. Ontdek het nu