Ch 1 - pt 2

323 42 10
                                    

[Unicode]

နောက်တစ်နေ့ကျောင်းဆင်းချိန်ရောက်တော့ ရှစ်ချင်းရွှမ်သည် ဘတ်စကတ်ဘောကွင်းဘေးရှိ ခုံတန်းလေးတွင် ထိုင်စောင့်နေလေသည်။ မကြာခင်တွင်တော့ ဟယ့်ရွှမ်က ရောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်ကာ ရှစ်ချင်းရွှမ်က လှမ်းယူခိုင်းသည့် သကြားလုံးထုပ်ကိုလည်း ကောက်ကာ ကမ်းပေးလိုက်ရသေး၏။

"ဟယ့်ရှုန်း"

ရှစ်ချင်းရွှမ်သည် သကြားလုံးများကို ဟယ့်ရွှမ်ကိုလည်း ကျွေးရင်း သူလည်း စားရင်းဖြင့် စိတ်လှုပ်ရှားစွာ ဆို၏။

"ဘယ်လိုလဲ? ရခဲ့လား?"

သူသည် ဟယ့်ရွှမ်ကို မျက်ခုံးလှုပ်ပြ၏။ ဟယ့်ရွှမ်ကမူ သက်ပြင်းချလိုက်ပြီး ဖုန်းထုတ်ဖွင့်၏။ ချက်ချင်းပင် ရှစ်ချင်းရွှမ်၏ ဖုန်းက 'တင်'ခနဲ မြည်သွား၏။ သူသည် WeChatထဲဝင်လိုက်ပြီး ဟယ့်ရွှမ်ပို့ပေးလိုက်သည့် ဖိုင်များကို ချက်ချင်း ဖတ်ရှုကာ သူအောင်သွယ်ပေးရမည့် လူနှစ်ယောက်၏ အချိန်စာရင်းများကို စစ်ဆေးလိုက်လေ၏။

"အ ဟ!"

ရှစ်ချင်းရွှမ်သည် အနှီနှစ်ယောက်၏ အချိန်စာရင်းတွင် နှစ်ယောက်လံုးအားလပ်သည့် တစ်ချိန်ကို ရှာတွေ့သွား၍ ထအော်လေ၏။

"ဒီတစ်ပတ်ကြာသ‌ပတေးနေ့မှာ သူတို့နှစ်ယောက်လုံး အတန်းမရှိဘူး၊ clubအချိန်‌ေတွလည်း မရှိဘူး၊အချိန်ပိုင်းအလုပ်လည်းမရှိဘူး!"

ဟယ့်ရွှမ်သည် အဝါရောင်သကြားလုံးကို ပါးစပ်ထဲထည့်လိုက်ရင်း ပျင်းရိပျင်းတွဲဆို၏။

"မြန်လိုက်တာ"

"ဒါပေါ့!"

စီမံခန့်ခွဲရေး သင်တန်းများတက်ထားသော၊ အခါကြီးရက်ကြီး ပွဲတော်များကို စီစဉ်နေကျဖြစ်သော ရှစ်ချင်းရွှမ်အတွက် အချိန်ဇယားစီစဉ်ခြင်းဟူသည် တစ်ခဏမျှသာ။ ယခုတွင်လည်း ရှစ်ချင်းရွှမ်သည် သူနှင့် ဟယ့်ရွှမ်၏ အချိန်ဇယားကို ခေါင်းထဲတွင် ဖြန့်ကျက်ပုံ‌ေဖာ်နေ၏။ ပြီးနောက်မူ သူသည် ဟယ့်ရွှမ်ကို ကြာသာပတေးနေ့တွင် အချိန်ပိုင်းအလုပ်လုပ်ရဦးမည်လား ဟုမေးလိုက်၏။

Matchmaker, Matchmaker [Myanmar Translation]Where stories live. Discover now