🚨ရန်ငြိုး 3🚨

6.6K 196 30
                                    

Zawgyi

*မင်းခန့် ထန်*

အိမ်တော်ကိုပြန်ရောက်ပြီးမို့  မားကို အိမ်ဝထိဖို့ ပို့ ပေးပြီး ကျွန်တော်က ကားဂိုဒေါင်သို့ ကားသွင်းဖို့ လုပ်လိုက်သည်။ကားသွင်းပြီး ပြန်အလာ....
အိမ်တော်ထဲကအသံတွေကြောင့် ကျွန်တော်အပြေးဝင်ခဲ့သည်။
ကျွန်တော် တွေ့လိုက်ရသည်က.......

ပါး အိပ်ခန်းရှေ့ ကြမ်းပြင်ပေါ်လဲနေသည့် ကျွန်တော့ရဲ့မား

ဘာလို့ လဲ ဘယ်သူလုပ်တာလဲ......ရင်ထဲမကောင်း

ချက်ချင်းဆိုသလို အဲ့မိန်းမ ပုံရိပ် ကျက်သရေမရှိလှ......ပါးရဲ့ မယားငယ်
မယားငယ် ပီပီ ကောက်ကျစ်စဉ်းလဲမှူအပြည့်.........

ဒီမှာ မင်းခန့် ထန် ငါက နင့်အမေဆိုလည်းမမှားဘူး.........
နင့်ရဲ့ အရင် အမေ ကိုမစွန့် ပစ်နိုင်ဘူးလား............
နင့်အဖေက လည်း ငါ့အပိုင်ဆိုတာ မမေ့နဲ့ဦး.........
နင်တို့ ဒီအိမ်မှာမနေချင်ရင်ထွက်သွားလို့ ရတယ်.........

ကျွန်တော် အတွက် ဒီမိန်းမ ပြောတာက ဘာမှမဟုတ်ပေမယ့်
ပါးက ကျွန်တော်တို့ ဘက်က ပြန်မပြောပေးလောက်ရအောင်
အဲ့မိန်းမကိုကြောက်ရတာလား............

ပါးရာ ......ကျွန်တော်တို့ တွက် ကာ ပြောမပေးနိုင်လောက်အောင်
အဲ့မိန်းမကို ချစ်ရလား.........
ကျွန်တော့မားနေရာမှာ အစားထိုးတယ်ပေါ့.........

ခန့် ထန် မင်း Model လုပ်ချင်တယ်ဆိုပြီး
ငါခွင့်ပြုခါမှ မင်းက ပြဿနာရှာရလား.........

ဗျာ.........ကျွန်တော်ဘာပြဿနာရှာရ............

ကျွန်တော်တစ်ယောက်စကားမဆုံးလိုက် ............

ပါးရဲ့လက်သီး ကျွန်တော့မျက်နှာနှင့်မိတ်ဆက်လိုက်ရသည်။
တစ်ခါမှမရိုက်ဖူးတဲ့ ပါး အဲ့မိန်းမကြောင့်.........

မင်း မွှေတဲ့ပြဿနာ မင်းမသိဘူးလား.........

မင်း ငါခွင့်ပြုမှ Model သင်တန်းတက်ဖို့ ငြင်းလိုက်တယ်ဆို.........
မင်းက ဒါဘာသဘောလဲ...
မင်း ကြိုက်သလိုနေလိုရမယ်ထင်နေလား...
ငါဘယ်လောက်အရှက်ကွဲခဲ့လည်း မင်းသိလား......
ငမိုက်သားရဲ့ မင်းကို ဒီအိမ်မှာမထားဘူး ဒီအိမ်နဲ့မထိုက်ဘူး...
ငါ့ကိုတောင်အဖေ မခေါ်မိစေနဲ့ ......
မင်းက ငါ့သားမဟုတ်ဘူး

You've reached the end of published parts.

⏰ Last updated: Feb 23, 2021 ⏰

Add this story to your Library to get notified about new parts!

🚨ရန်ငြိုး🚨 Where stories live. Discover now