"ထပ်မေးမယ် ဒီအချိန်ကြီးမင်းကဘယ်လဲ"
ဒီအချိန်ကြီးဆိုတော့မှ ခေါင်းကိုခပ်မြန်မြန်အလုပ်ပေး စဥ်းစားမိတော့ လေ့ကျင့်ရေးဆင်းချိန်ဖြစ်သည်ကို သတိရလိုက်မိသည်။ သူပြန်ဖြေဖို့ ပါးစပ်ပင်မဟရသေး၊ အသံခပ်သေးသေးကထွက်လာ၏။
"ကျွန်တော် ခုလေးတင် chanyeol ကို သတိပေးမလို့လုပ်နေတာပါ"
chanyeol ဘက်က ကာပြောပေးလာသော်ငြား chanyeol ကတော့ အကာမခံ။
"ကျွန်တော်မအားဘူး၊ တောထဲသွားရဦးမှာမို့၊ ပြန်လာမှလေ့ကျင့်ကွင်းထဲ ဆင်းနိုင်မယ်"
ခွင့်တောင်းခြင်းပင်မဟုတ်၊ အသိပေးခြင်းလောက်သာရှိသော လေသံကြောင့် သိသိသာသာအံကြိတ်သွားသော အဖေ့ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။
"ဘာအရေးတကြီးကိစ္စတွေများရှိနေလို့လဲ"
ဒေါသထိန်းကာ အေးဆေးမေးလာသော မေးခွန်းကို ခပ်မြန်မြန်တုံ့ပြန်လိုက်၏။
"ချန်းဝူးကိုသွား သမ မလို့၊ သူကျွန်တော်ဝယ်ထားတဲ့နို့ဗူး ပါကင်လိုက်ကို လက်စဖျောက်သွားတယ်"
sehun ကတော့ ဘာကိုမျှဝင်မပြောရဲသည့်အလား ငြိမ်ငြိမ်လေးရပ်ရင်းသာ အရိပ်အကဲခတ်နေ၏။ အဖေကတော့ ဂုပ်ကိုလှမ်းကိုင်လိုက်ပုံအရ သွေးတက်သွားပုံပေါ်သည်။ သို့ပေမယ့် မအော်။ သူဒီနို့တွေဘယ်လောက်ကြိုက်လဲ အဖေအသိပဲ။ ထူးထူးခြားခြားလိုအပ်နေ၍မဟုတ်။ ဒီအတိုင်း ကလေးတချို့ သူတို့၏အကြိုက်ဆုံး အရုပ်ရှိသကဲ့သို့ သူ့အတွက်လည်း အကြိုက်ဆုံးအရာ တစ်ခုအဖြစ် တည်ရှိနေသလိုမျိုးပင်။ မတူသည်ကား ငယ်ငယ်တည်းကနေ ယခုအချိန်ထိ စွဲစွဲလမ်းလမ်းဖြစ်နေသည့်အပြင် မည်သူနှင့်မှ မျှဝေမခံသော အကျင့်ဆိုးသာကွာမည်။ နေ့တိုင်းသောက်နေရလို့ မရိုးသွားဘူးလား မေးလျှင်လည်း မရိုးပါ။ သဘာကျသည်၊ ကြိုက်သည်၊ ဆိုသည်မှာ သူ့အတွက် ရိုးသွားသည်ဟူ၍မရှိ။ ပို၍စွဲလမ်းလာသည်သာ ရှိသည်။ အဖေကတော့ မျက်လုံးအသာမှိတ်ကာ အသက်ရှူသံတို့ကို ထိန်းသိမ်းနေပြီး ခဏအကြာမှ ထပ်ပေါင်းဆိုရှာသည်။
"သောက်လို့ရအောင် ထပ်ဝယ်ခိုင်းလိုက်မယ်၊ လောလောဆယ် လိုက်ခဲ့ မင်းကိစ္စနောက်မှရှင်း"
YOU ARE READING
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...
Part 11
Start from the beginning