"တောက် !!"

ဒေါသနှင့်အတူ အားပါသွားသည့် လက်သီးဆုပ်က ဝရံတာလက်ရန်းပေါ် ထုချမိတော့ ကျောက်သားလက်ရန်းတို့ တစ်စစီကျိုးပဲ့ကျ၏။ သူသဘောကျရာကို အလုခံလိုက်ရ၍ ဖြစ်တည်လာသည့် ဒေါသသာဖြစ်သည်။

ချက်ချင်းပင် ဦးတည်ရာ ပြောင်းပြန်ချိုးကာ ပြန်လှည့်လာလိုက်သည်က စာဖတ်ခန်းထံသို့။

တံခါးကိုခပ်မြန်မြန်တွန်းဖွင့်လိုက်တော့ တိတ်ဆိတ်နေသော စာဖတ်ခန်းထဲမှ တစ်ခုတည်းသော ပုံရိပ်က လန့်သွားသည့်အလား တုန်တက်သွားသည်။

"အိုဆယ်ဟွန်း ဟိုကောင်ဘယ်ကိုပြေးသွားတာလဲ တွေ့မိလိုက်သေးလား"

"ဟမ်"

ငုပ်တုပ်ထိုင် စာဖတ်နေရာမှ ကြောင်တောင်တောင်လေး မော့ကြည့်လာသော ဆယ်ဟွန်းက သူပြောသမျှ လိုက်မမှီသည့်နှယ်။ စိတ်ပျက်လက်ပျက် ကျစ်စုပ်သတ်မိလိုက်သည်။ စကားကို နှစ်ခါပြန်ပြောရတာတွေ သူတကယ်မုန်းသည်။ အထူးသဖြင့် ဒေါသထွက်နေသည့်အချိန်မျိုးတွင်။

သူ့စိတ်မရှည်သောပုံစံကြောင့် sehun က ချက်ချင်းပင် ဦးနှောက်အလုပ်ပေးစဥ်းစားလာ၏။

"ငါ - သူဟိုဘက်ကိုပြေးသွားတာ တွေ့လိုက်တယ်"

ဝရံတာဘက်ကနေ လက်ညှိုးထိုးပြသလောက် လှမ်းကြည့်မိတော့ တောအုပ်ထံသာ။

"သေချာလား"

"အင်း"

ခေါင်းတစ်ချက်ညိတ်ပြလာ၍ ပြေးမည်ကြံတုန်းရှိသေး၊ အနောက်နားကနေ အသံထွက်လာ၏။

"ဒါဘယ်တုန်း"

တည်တည်ငြိမ်ငြိမ်ထွက်လာသော အသံကြောင့် chanyeol ခြေလှမ်းတို့ ​တောင့်ခဲသွားသကဲ့သို့ sehun လည်း ကုပ်ကုပ်လေးထိုင်နေရာမှ ချက်ချင်းထရပ်လာ၏။

"သခင်လေးက ကျွန်တော့်ကို အရိုအသေပေးစရာမလိုပါဘူး နေသာသလိုနေပါ"

sehun ထံ ဦးတည်ကာပြောလာသော စကားကြောင့် sehun က ခေါင်းတစ်ချက်ငုံ့ကာ နာခံလာ၏။ အဖေ့ကို လှမ်းအကဲခတ်ကြည့်မိတော့ sehun အပြုအမူကြောင့် မျက်ဝန်းထဲ အလိုမကျရိပ်များ ထင်းနေဟန်။ chanyeol လည်း တစ်ချက်တစ်ချက် အလိုမကျပါ။ sehun သည်ကား သူ့အား တစ်ယောက်ယောက်က အသားလွတ် လာရန်ဆောင်နေလျှင်တောင် ခေါင်းငုံ့ခံနေမည့်ပုံစံမျိုး။ စွမ်းအားမရှိသည်လည်းမဟုတ်။ သူ့ထက်လည်းစွမ်းအားမနိမ့်သည့်အပြင် ပိုတောင်ကြီးသေးသည်ကို လူတိုင်းကို အလျော့ပေးဆက်ဆံနေသည်မို့ chanyeol က အမြဲ အနောက်ကလိုက်ပြီး လူဆိုးလုပ်ရမြဲ။ ထို့နောက် အဖေ့အကြည့်က chanyeol ထံ လွင့်လာ၏။

The LOEYWhere stories live. Discover now