သူမ သံ​ယောဇဉ်​၏အိမ်​က​နေ သူ့အ​မေ​ပြောသည့်​အတိုင်း ​ချောင်းသာသို့တန်းသွားခဲ့သည်​၊ ခရီးပန်းလဲမတက်​နိုင်​ပါ အခုချိန်​မှာ သံ​ယောဇဉ်​၏အ​မေစကားနား​ထောင်​ခြင်းသည်​အ​ကောင်းဆုံးဖြစ်​​ပေသည်​။

X

မ​နေ့ညအိပ်​ခါနီးအချိန်​ထိ အဆက်​အသွယ်​ရ​စေဆဲဖြစ်​ပြီး မနတ်​အိပ်​ယာထ​တော့လဲသူမပို့ထားသည့်​စာများအား seen မပြသည့်​အပြင်​ အဆက်​အသွယ်​မရသည့်​သစ်​ခတ်​ကိုသူမအ​နေဖြင့်​အ​တော်​​လေး စိတ်​ပူရသည်​၊ ထို့အ​ကြောင်း​ကြောင့်​တ​နေကုန်​အလုပ်​ထဲ၌စိတ်​မပါသည့်​အပြင်​ သူမစာကိုအဘယ့်​​ကြောင့်​ reply မပြန်​ရလဲဆိုသည့်​အချက်​အား​တွေးမိ​နေသဖြင့်​စိတ်​မ​ဖြောင့်​နိုင်​။

အိမ်​ပြန်​​ရောက်​သည့်​အချိန်​၌ ဧည့်​ခန်း၌​တွေ့လိုက်​ရသဖြင့်​ သူမအ​မေနားကိုအရင်​သွားကာ ပြန်​​ရောက်​လာ​ကြောင်း​ပြောရသည်​၊ ဒယ်​ဒီကသူ၏ မိတ်​​ဆွေများနှင့်​အပြင်​သွားကာညစာစားသည့်​အတွက်​အိမ်​ပြန်​​နောက်​ကျမည်​ဖြစ်​​ကြောင်းလဲ​ပြော​သေးသည်​၊ အရင်​လိုသူမတို့မိသားစုကြား၌ အ​နေစိမ်းတာမရှိသည့်​အပြင်​ ဒယ်​ဒီသည်​လဲ တ​ဖြေး​ဖြေး သူ၏အ​ပေါင်းအသင်းများနှင့်​သွားတက်​လာတက်​ခဲ့ပြီး သူမသည်​လဲ သူမ၏မိခင်​နှင့်​ အရင်​ကဲ့သို့အ​နေမစိမ်း​တော့​ချေ။

သူမ၏အ​မေအ​နေဖြင့်​ သူမကိုတစ်​ခုခု​ပြောရန်​ရှိ​နေသည်​ကိုသူမလဲ ရိပ်​မိ​သော​ကြောင့်​ ငြိမ်​​၍​နေမိသည်​၊ ထို့​နောက်​ သူမကို ​နေ့လည်​က သစ်​ခတ်​အိမ်​သို့​ရောက်​လာ​ကြောင်း​ပြောလာခဲ့သည်​၊ ထိုင်​​နေရာမှထမိသည်​အထိအံသြရသူမှာသူမ။

"​မာမီ..ဘာ​ပြောလိုက်​တာ..သစ်​ခတ်​ သစ်​ခတ်​က ဒီကိုလာတယ်​ သူဒီကိုပြန်​​ရောက်​​နေတာလား မာမီသူ့ကိုဘာ​ပြောလိုက်​​သေးလဲ ဘာ​ပြောလိုက်​​သေးလဲလို့"
"​ပြောလိုက်​တယ်​ ​ပြောလိုက်​တယ်​ဆိုတာထပ်​​မေးခွန်းတစ်​ခုထုတ်​လိုက်​တာပါ သမီးနဲ့သူနဲ့လက်​တွဲလိုက်​ရင်​ ဖြစ်​လာမဲ့သမီးရဲ့အနာဂတ်​မှာဘယ်​လိုဖြစ်​လာနိုင်​လဲဆိုတဲ့​မေးခွန်း"
"သူဘာ​ဖြေခဲ့လဲဟင်​ မာမီ"
"သမီးသိချင်​တယ်ဆို သူ့ကို​မေးသင့်​တယ်​ အခုချိန်​​လောက်​ဆို သူ​ဒီမှာမရှိ​တော့ဘူး​ချောင်းသာ​ရောက်​​နေ​လောက်​ပြီ"
"မာမီ!"

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now