Z.C - U.C ©
~ပန်းကလေးများပွင့်တော့မည်...ဖူးတံဝင့်လိုချီ...
နေခြည်မှာ...ရွှေရည်လောင်း...ငါတို့စာသင်ကျောင်း...~ကျေးလက်တောရွာ၏ဓလေ့ထုံးစံအတိုင်း စာသင်ကျောင်းဆောင်နဘေးမှနေ၍ ဖျတ်လျောက်မိပါက ကလေးများ၏အသံသာကို သင်ခန်းစာများနှင့်တွဲဖတ်၍ နားဆင်ရသသည်မှာနားဝင်ချိုလှသည်။
ထို့ပြင့် ညနေဘက်ကျောင်းလွှတ်သည်၌ သူပြိုင်ငါနိုင် ပြေးထွက်လာသော အဖြူအစိမ်းခတ်နွမ်းနွမ်းဖြင့် အပြုံးပန်းများပန်ဆင်ထားသော ခလေးငယ်များ၏ ပုံရိပ်ရောင်တစ်ချို့အား ကင်မရာဖြင့် အမိအရရိုက်ယူနိုင်သော အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်သည်။
ထိုသို့သော မြင်ကွင်းအား အမိအရဓာက်ပုံရိုက်ယူနေသည့် ကောင်မလေးတစ်ယောက်လဲရှိပေသည်။
ချလပ်...ချလပ်...ချလပ်။
"ဝေး...ဓာက်ပုံဆရာမလေး ဓာက်ပုံရိုက်လို့မပြီးသေးဘူးလားဗျ..."
မိမိ ဓာက်ပုံရိုက်နေသည့်အချိန် စိတ်ဝင်တစားဖြင့်ရိုက်ကူးနေသည့်အချိန် ပုံမှန်ဆိုချှင် ထိုသို့အသံကျယ်ကျယ်ဖြင့်ပြုလုပ်မိပါက စိတ်မကြည်နိုင်မည်ဖြစ်သော်လဲ ကျေးလက်သဘာဝအရ စကားပြောဆိုလျှင် အသံကျယ်ကျယ်ဖြင့်သာပြောဆိုကျပုံနှင့် နယ်သူအရပ်သားမဟုတ်ပါက ၀မ်းပန်းတသာနှုတ်ခွန်းဆက်ကာ တွေ့သည့်နေရာ၌ပင် ရယ်မောစွာပြောဆိုကျသော ဓလေ့ထုံးစံများကြောင့် သူမစိတ်မဆိုးမိ။
အမေးရှိလျှင် အဖြေရှိရမည်ဖြစ်သောကြောင့် ပြုံ၍ပင်သာ စကားပြန်လည်ဆိုလိုက်ပါသည်။
"ပြီးပါပြီ တီ့တီ့ရဲ့ ဒီမှာခလေးတွေကျောင်းကပြန်လာတဲ့ပုံကိုအမိအရရိုက်နေတာပါ ဦးလေးက တောင်ပေါ်ကပြန်လာတာလား..."
"ဟုတ်တယ်ဟေ့...ဟုတ်တယ်ဟ နင့်အမိုးလေးက သူ့အတွက်ထင်းခုတ်ပေးပါအုန်းဆိုလို့ တောင်ပေါ်သွားရတာဟေ့ တစ်ခါထဲအမဲလေးဘာလေးရမလားဆိုပြီးတော့ပေါ့..."
YOU ARE READING
LOVELY FIRST LOVE 📷✈[Completed-6]
RomanceG x G (OC) -Drama x Romance x Comedy- About-Fly together with you! Z+U