"ဒါပေမယ့် အချိန်ကြာလာလို့သူ့ဗီဇကပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲ။လူတွေရဲ့ဗီဇကဖျောက်ဖို့ခက်တာသိတယ်မလား"

"မပေါ်ပါဘူး။သား ကိုထက်ကိုယုံတယ်။ကိုထက်ကသားကိုကတိတည်မှာ သားသေချာပေါက်သိတယ်။ပြီးတော့ အရင်ကရှုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာလိမ္မာသွားတဲ့သူတွေကအများကြီးပဲလေ။အကုန်လုံးကြီး သိမ်းကျုံးပြောတောတော့ မကောင်းဘူးနော် ဖေဖေ။သူများသားသမီးကိုအဲ့လိုတော့ မပြောသင့်ပါဘူး"

သူတို့နဲ့စကားတောင် သေချာမပြောတဲ့သားငယ်က အခုသူ့ကောင်လေးကြောင့် စကားတွေတရစပ်ပြောနေတာကြည့်ပြီး ဆောင်းဦးအဖေခေါင်းတွေပါမူးလာသည်။လေပြည်ကလည်း သူ့ညီကိုကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်။

"ဖေဖေ"

"အေး လက်ခံတယ်ဟေး၊လက်ခံတယ်။ငါ့သားကအဲ့လောက်စကားအများကြီးပြောနေမှတော့ လက်မခံလို့ဘယ်ရတော့မလဲ"

"မေမေကရော"

"သားဖေကြီးကလက်ခံမှတော့ မေမေကလည်း လက်ခံတာပေါ့တော်"

"ဟီးဟီး အဲ့ဒါကြောင့်သားကဖေကြီးနဲ့မေကြီးကို အများကြီးချစ်တာ"

သူတို့ထိုင်နေသောအနားကို လှစ်ခနဲပြေးလာကာ လာဖက်သော​ဆောင်းဦးကိုကြည့်၍ သူတို့မှာအချစ်ပိုရပြန်သည်။

"အမလေး၊လိုချင်တာရမှလာချွဲမနေနဲ့"

"မဟုတ်ပါဘူးဗျ။သားကတကယ်ပြောတာကို"

"ကဲ ဟုတ်ပါပြီ။ကျောင်းကပြန်လာတာဆိုတော့ ရေသွားချိုးလိုက်ဦး။မေမေထမင်းပြင်ပေးထားမယ်"

"ဟုတ်"

သူ့မိဘနှစ်ဦး၏ပါးကိုနမ်း၍ Choco ကိုချီကာ အပေါ်ထပ်ကိုပြေးတက်ခဲ့သည်။အခန်းထဲကိုရောက်တော့ Choco ကိုဖက်ရင်း အိပ်ရာပေါ်လှဲချလိုက်သည်။

"Choco သိလား။ကိုကို့လက်တွေက အေးစက်နေတာပဲ။ကြောက်လွန်းလို့ စကားပြောတာတောင် မနည်းထိန်းပြောရတာ။အစကဖေဖေက ကိုကို့ကိုထိုးများထိုးမလားလို့ စိုးရိမ်နေရတာ။ဟီးဟီး၊တော်သေးတာပေါ့၊လက်ခံပေးလိုက်လို့"

"ဝုတ်၊ဝုတ်"

"ဪ ကိုကို့ကိုစိုးရိမ်ပေးနေတာလား။သိတယ်၊သိတယ်။အခုအားလုံးအဆင်ပြေသွားပါပြီ။Chocoကိုလည်းအရမ်းချစ်တယ်။အာ ဒါဆိုကိုကိုရေချိုးလိုက်ဦးမယ်။ငြိမ်ငြိမ်နေနေဦးနော်"

My Nerdy BoyWhere stories live. Discover now