အခန်း(၇၁) သာမန်ခင်ပွန်းအဖြစ်။

Start from the beginning
                                    

ဝမ်နျဲ့နျန် သူ့ရဲ့ အပြင်ကုတ်အင်္ကျီကိုချွတ်ပြီး အိတ်ထဲက ဆေးထုပ်ကိုထုတ်ကာ အိပ်ရာဘေးက စားပွဲရဲ့ အောက်ဆုံး အံဆွဲထဲ ထည့်လိုက်သည်။

လွမ်းဆွတ်မှုတွေများနေတဲ့အခါ အလွမ်းဓာတ်ခံလေးတွေကလည်း နေရာအနှံ့မှာ အမှတ်မထင်ဘဲ ရှိနေတတ်တယ်တဲ့။

ဝမ်နျဲ့နျန်က ထိုအံဆွဲ၏ထောင့်နားလေးမှာ ကပ်လျက်ရှိနေတဲ့ ဓာတ်ပုံလေးကိုယူလိုက်ပြီး လွမ်းဆွတ်မှုတွေနဲ့အတူ အမြတ်တနိုးကြည့်နေသည်။

ငယ်ရွယ်မှုတွေ လွှမ်းခြုံလို့ အထက်တန်းကျောင်းဝတ်စုံလေးနဲ့ ထိုဓာတ်ပုံထဲက လူတိုင်းက သိပ်ကိုတောက်ပနေကြသည်။

ထိုပုံလေးက အထက်တန်းဒုတိယနှစ်မှာ ဘတ်စကတ်ဘောပြိုင်ပွဲပြီးတော့ အမှတ်တရရိုက်ခဲ့ကြတဲ့ အုပ်စုပုံလေးဖြစ်ပြီး ဝမ်နျဲ့နျန်နဲ့ ကုယျန်ရှန်းကို ဓာတ်ပုံတစ်ခုတည်းမှာမြင်ရနိုင်သည့် တစ်ခုတည်းသော ပုံလေးလည်း ဖြစ်သည်။

သေချာစဉ်းစားကြည့်တော့ သူ့မှာ တစ်ခုတည်း လို့ ဆိုတဲ့ အရာတွေက သိပ်ကို များနေခဲ့တာပဲ။

ထိုအချိန်က ဝမ်နျဲ့နျန်တို့တက်ခဲ့တဲ့ အထက်ကျောင်းက အားကစားပြိုင်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပြီး ထူးထူးခြားခြားပဲ အမြဲတမ်းတည်ကြည်နေတဲ့ ကုယျန်ရှန်းရဲ့ ငယ်မျက်နှာလေးမှာ နှုတ်ခမ်းလေးကို လခြမ်းလေးလို ကွေးညွတ်လိုက်ဖို့ တွန့်တိုလွန်းသူ၏ အပြုံးလေးက သိပ်ပြီးမပြီပြင်ပေမယ့် ထင်ထင်ရှားရှားရှိနေခဲ့သည်။

ထိုအပြုံးနဲ့ ထိုသူရဲ့ ကလေးဆန်တဲ့ပုံရိပ်လေးတွေကို ပြန်တွေးမိတော့ နာကျင်နေရတဲ့နှလုံးသားလေးက တစ်ချိန်က ခံစားချက်တွေအတိုင်း နှလုံးခုန်နှုန်းတွေမြန်လာတဲ့အခါ ' သိပ်ကိုရူးနှမ်းတာပဲ' လို့ အပြစ်တင်မိပြန်သည်။

သူဟာ တစ်ယောက်တည်းနေရတာကို နှစ်သက်ခဲ့တယ်။ အပြင်ထွက်ပြီး တစ်ခြားသောကလေးတွေလို ဆော့ကစားဖို့ထက် တိတ်ဆိတ်တဲ့ အခန်းလေးထဲမှာ နေရတာကို ပိုသဘောကျခဲ့တယ်။

သို့ပေမယ့် ထိုကဲ့သို့သော သူသဘောကျပါတယ် ဆိုသည့် အရာတွေက ဧည့်ခန်းပွဲတစ်ခုမှာ ကုယျန်ရှန်းရဲ့ အကူအညီကိုလက်ခံမိပြီးနောက်ပိုင်းတော့ ပြောင်းလဲသွားခဲ့သည်။ လူများလွန်းတဲ့ ဧည့်ခံပွဲတွေကို သွားရမှာ မကြိုက်တဲ့ ဝမ်နျဲ့နျန်က ထိုအချိန်မှစလို့ သူ့အဖေနောက်လိုက်ပြီး အမျိုးမျိုးသော ဧည့်ခံပွဲတွေဆီကို နေ့တိုင်းလိုက်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now