အချစ်စစ် အပိုင်း(၂၄)

Start from the beginning
                                    

ဝမ်သခင်မကမျက်ရည်ဝဲနေသောမျက်ဝန်းနှင့်ပြုံးကာ

"အဲ့ဆိုမေမေတို့ကဘာငြင်းစရာရှိပါအုန်းမလဲ
သားစိတ်တိုင်းကျစီစဥ်"

ရိပေါ်မျက်ဝန်းများအရည်ကြည်ဖြင့်ရွန်းလဲ့နေကာပြုံးရင်းသူ့မေမေကိုကြည့်နေစဥ်တွင်ပဲ

ရှောင်းသခင်မလည်း" သားဘက်ကရှိနေမယ်"
ကြီးကြီးကလည်းပြုံးကာခေါင်းငုံ့ရှာသည်
#######################

နေရောင်ခြည်များဆင်းသက်လာကာနွေးထွေးသောလေထုကလည်းနေရာယူလျက်
ရှောင်ကျန့်မျက်နှာနုနုလေးပေါ်သို့ဖြာကျနေလျက်ရှိသည်
နေရောင်ခြည်ကမျက်ဝန်းသို့လာစူးနေသော်လည်းလက်ကိုမြင့်၍ပင်ကာဖို့အားအင်မရှိ

ရောဂါဝေဒနာသည်ဖြစ်ရတဲ့ခံစားချက်ကတကယ်ကိုဒီလောကကြီးမှာဝန်ထုပ်ဝန်ပိုတစ်ခုထက်မပိုသကဲ့သို့ပင်
ခါးသက်သောအတွေးတို့ကိုအရိပ်တစ်ခုရပ်တန့်​စေလိုက်သည်

စူးရှနေမှုလည်းမခံစားရတော့သည်မို့မျက်ဝန်းနှစ်ဖက်ကိုအားယူဖွင့်လိုက်တော့ လက်ဖဝါးတစ်ခု ထိုလက်ရှိ လက်သူကြွယ်တွင်ငွေရောင်လက်စွပ်တစ်ကွင်းကနေရာယူလျက်ရှိသည်

အဲ့လက်စွပ်ကိုရင်းရင်းနှီးနှီးကိုမြင်ဖူးနေသလိုပဲ
လက်အချိုးအစားများကိုလည်းရင်းနှီးလွန်းပါသည် လက်ဖဝါးမှတဆင့်အပေါ်မော့ကြည့်တော့ ကိုကို

ကလေးကမျက်လုံးပွင့်တာနဲ့ကျနော့်လက်ကိုစူးစူးစိုက်စိုက်ကိုကြည့်နေသေးတာ လူကိုမကြည့်
ဟောဗျာပြောနေရင်းကြည့်လာပါပြီ
လူကိုတွေ့တာနဲ့ချက်ချင်းဟိုဘက်ကိုစောင်းအိပ်သွားတယ် ပြောချင်တာကမမြင်ချင်ဖူးပေါ့
ဒီကလေးနှယ့် တကယ့်ကို မာနခဲလေး
ဆော်တီးပဲကလေးရေ ဒီနေ့ကစပြီးကိုယ်နောက်မဆုတ်တော့ဘူး

ကုတင်ပေါ်တွင်ထိုင်လိုက်ပြီးစောင်းအိပ်နေတဲ့ဘက်ကို ခေါင်းလည်းစောင်းလိုက်တော့ ဖွင့်ထားတဲ့မျက်လုံးကိုအတင်းပိတ်ကာ စုတ် တချက်သပ်သည်

"ဟိတ် "
"...."
"ကလေး"
"ထွက်သွားမမြင်ချင်ဘူး"
"ဒါမဲ့ကိုယ်ကကလေးကိုမြင်ချင်တယ်လေ"
"......"
"ကိုယ့်ကိုစကားမပြောတော့ဖူးလား"
"......"
"မင်းပြောတော့ကိုယ့်ကိုခွင့်လွှတ်တယ်ဆို"
"....."
"ခွင့်လွှတ်တဲ့သူကစကားတောင်မပြောနိုင်ဖူးလား စကားကိုဒီတိုင်းလွယ်လွယ်ပြောလိုက်တာပေါ့"
"ကျနော့်စကားကျနော်တည်တယ် ဟုတ်တယ် ခွင့်လွှတ်တယ်ပြောတယ်"
"ခွင့်လွှတ်တယ်ဆို ရှောင်ပြေးမနေနဲ့ ထိပ်တိုက်စကားပြော"
"အဲ့လောက်တောင်ထိပ်တိုက်ပြောချင်နေတယ်ပေါ့"
"အင်း"

အချစ်စစ်(Yizhan version)Where stories live. Discover now