Chapter 3 🔞

1.9K 87 8
                                    

"သခင်လေး Perth!!!! "

"ဘယ်လိုလေသံနဲ့ ငါ့ကိုခေါ်နေတာလဲ Ji"

"ခေါ်ရမှာပဲ ရှင့် သခင်လေး Saint ရဲ့ အဝတ်တွေမှာ ပေကျံနေတယ် ခြံစောင့်ကြီးပြောတယ် သခင်လေး တို့နှစ်ယောက် ဂိုထောင်ထဲက ထွက်လာတဲ့အကြောင်း သခင်လေးဘာလုပ်ထားတာလဲ "

ဖြန်း............

"ခေါင်းမော့ပြီး ပြောတဲ့အပြင် ငါ့ကိုအော်ရဲသေးတယ် ပါးစပ်ပိတ်ပြီး ငါ့အခန်းထဲက ထွက်သွား"

လည်ထွက်သွားတဲ့ အပြင် ကြမ်းပြင်ကို လဲကျသွားတာကြောင့် ဆူညံသံတွေကြောင့် ရေချိုးခန်းထဲက ထွက်လာပြီးကြည့်တော့ ကိုကိုက Phi Phi ကို ရိုက်လိုက်တဲ့ မြင်ကွင်း
ကြောင့် တစ်ကိုယ်လုံးတုန်ယင်နေရင်း နံရံကိုကပ်ကာ ကိုယ်လေးတုန်ယင်နေတဲ့ကလေး ငယ်လေး

Ji က အသက် ၃၀ ပြည့်ပြီး ပညာတတ်အမျိုးသမီးတစ်ယောက် မျိုးရိုးစဥ်ဆက် သခင်မကြီးကို အလုပ်အကြွေးပြုကြရတာကြောင့် သူမ သခင်မကြီးဆီမှာ အလုပ်အကြွေးပြုပေးနေခြင်း သူမကကံကောင်းစွာ သခင်မကြီးထံမှ ပညာသင်ခွင့် ဆေးကျောင်းတတ်ခွင့် အားလုံးရရှိတဲ့တဲ့ အစေခံတွေထဲက တစ်ဦးတည်းသောတစ်ယောက် မိဘတွေက သခင်မကြီး ကို အလုပ်အကြွေးပြုဖို့ မှာခဲ့တာတစ်ကြောင်း သူကိုယ်တိုင်ကလည်း သခင်မကြီးအပေါ်မိဘလိုခင်တွယ်နေတာမို့ သခင်မကြီးရဲ့သား ကိုတော့ သူ မလေးစားသလို စိတ်တိုင်းလည်း မကျ သခင်လေးက ရိုင်းသည်။အခုဆိုဆေးစွဲနေတဲ့သူ သူမကို ရိုက်လို့ သူမ ဘာမှ မဖြစ်ပါဘူး သခင်လေးက အမြဲမောက်မာတယ် သူလမ်းစလျှောက်တတ် စကားစပြောတတ်ကတည်းက အိမ်စေတိုင်းသူမရိုက်ဖူးတဲ့ သူမရှိတာကြောင့်လေ အိမ်တော်ထိန်း Aai သူ့အဖွားအရွယ်ကိုတောင် သူရိုက်ဖူးတယ် ။

သူမ အခန်းပြင်ကို စိတ်လျှော့ကာ ထွက်လာခဲ့ပေမဲ့ သခင်လေး Saint ကို သူနဲ့ အတူဆက်ပြီးထားဖို့ သတ္တိမရှိတော့ ပုံမှန်စိတ်အခြေအနေမဟုတ်တဲ့ ဆေးသမားတစ်ယောက်က ဒီထက်ဆိုးတာတွေ သခင်လေး ကို အနိုင်ကျင့်နိုင်တယ် ဆိုတာသိတာမို့

"Hello သခင်မကြီးရှင့် "

"Ji အိမ်တော်မှာ ပြသနာရှိနေလို့လား "

Innocence (34+35)Complete Where stories live. Discover now