မြတင့်က အလှကြိုက်သည်။ မြတင့်က မိန်းမအဝတ်အစားများကို နှစ်ခြိုက်သည်။ မျက်နှာချေမှုန့်များကို နှစ်ခြိုက်သည်။ ပါးနီရဲရဲများကို သူ့ပါးပြင်မို့မို့တွင် လိမ်းခြယ်ရခြင်းကို နှစ်ခြိုက်သည်။ နှုတ်ခမ်းနီရဲရဲကို နှစ်ခြိုက်သည်။

ဒါပါပဲ။ မြတင့်ကို လူတွေ မချစ်ကြသည့်အကြောင်းအရင်းမှာ ဤအရာပင်ဖြစ်ချေ၏။

မြတင့်မှာ ကျောလယ်အထိ ရှည်လျားသော နက်မှောင်သည့် ဆံပင်ရှည်များလည်း ရှိသည်။

မြတင့်သည် မိန်းမအ၀တ်အစားများကို နှစ်ခြိုက်ရုံ၊ မိန်းမအသုံးအဆောင်များကို နှစ်ခြိုက်ရုံပင်။ မိန်းမသားများက လှပသော ပန်းပွင့်များကို နှစ်ခြိုက်သကဲ့သို့၊ ယောက်ျားသားများက ပုဆိုးနှင့် တိုက်ပုံကို နှစ်ခြိုက်သကဲ့သို့ မြတင့်သည် မိန်းမအသုံးအဆောင်များကို နှစ်သက်မိသွားရုံပင်။

မြတင့်၏ အကြိုက်သည် အခြားသော ယောက်ျားများနှင့် မတူညီရုံလေးပင်။ ထို့ထက် ဘာမှပို၍ မထူးခြားပေ။

မြတင့်သည် သူရရှိထားသော ယောက်ျားဘ၀ကိုသာ ချစ်မြတ်နိုးသည်။ မြတင့်သည် သူ့ဖြစ်တည်မှုကို မြတ်နိုးသည်။ မြတင့်သည် ယောက်ျားတစ်ယောက်သာ ဖြစ်ချင်သည်။ မြတင့်သည် မိန်းမတစ်ယောက်နှယ် ၀တ်စားထားသော်ငြား မိန်းမတစ်ယောက် ဖြစ်ချင်နေခြင်းမျိုး မဟုတ်ပေ။

ဒါကို လူတွေသိဖို့ကောင်းသည်။ နားလည်ကြဖို့ကောင်းသည်။

"အို အဲ့ဒီလူတွေမှာ မြကို နားလည်နိုင်လောက်တဲ့ ဦးနှောက်မှ မရှိဘဲ" ဟူ‌၍ မြတင့်က ခပ်ကြောကြောကလေး တွေးမိပါ၏။

ရံဖန်ရံခါတွင်မူ မြတင့်သည် ပုဆိုးနှင့်တိုက်ပုံကို ဝတ်ဆင်တတ်သေးသည်။ ထိုအခါတွင်လည်း မြတင့်သည် ယောက်ျားဆန်စွာ ချောမောနေဆဲပင် ဖြစ်နေချေသေးသည်။

ထိုသို့ ဝတ်ဆင်သည်မှာလည်း ရံဖန်ရံခါမျှသာ၊ တကယ်ကို ရံဖန်ရံခါမျှသာ ဖြစ်၏။

သို့ရာတွင် မြတင့်၏ မိဘများသည် အဘယ်ကြောင့် မြတင့်အား နားမလည်ပေးနိုင်ကြပါသနည်း။

မြတင့်Where stories live. Discover now