Zawgyi Version
ထယ်ယောင်း အိမ်ကိုပြန်ရောက်တာနဲ့ လွယ်ထားသောကျောပိုးအိတ်ကို ခုံပေါ်ဗုန်းခနဲပစ်တင်လိုက်ကာ ပေါက်ကွဲမိသည်။
သို့ပေမယ့် ဂျွန်ဂျောင်ကုဆိုတဲ့လူကြောင့် ထွက်လာတဲ့ ဒေါသတွေက ထိန်းလို့မရ။ဘာတဲ့.... 'မင်း ငါ့ကိုလက်ထပ်ရမယ်'တဲ့......။
ပြောတဲ့ပုံစံကိုက အထက်စီးဆန်ဆန်လေသံနဲ့။
သူ့ကိုသေလောက်အောင်မုန်းပါတယ်လို့ ပြောနေတဲ့ ကိုယ့်လိုလူမျိုးကိုလက်ထပ်ခွင့်တောင်းရအောင်ဒီလူ ရူးများနေသလား။လုံးဝလက်မထပ်နိုင်ဘူး။
စတွေ့ကတည်းက ကိုယ့်ဖခင်ရဲ့ နာမည်ကိုခြေထောက်အောက်နင်းခြေပြခဲ့တဲ့သူ.....။
ကိုကိုနဲ့ ကိုယ့်ရဲ့ကြား ဝင်ပြီးခလောက်ဆန်တာတောင်မကျေနပ်သေးလို့ ကိုကိုနဲ့ သေကွဲကွဲအောင်လုပ်ခဲ့တဲ့သူ.....။
ပြန်စဉ်းစားကြည့်ရင် သူကကိုယ့်ကိုစိတ်ဆင်းရဲမှုတွေပဲပေးနေခဲ့တာ။
သူ့လိုလူကို လုံးဝကိုလက်မထပ်နိုင်ဘူး။ပူလောင်နေသောရင်အစုံကို ရေအေးအေးတစ်ခွက်သောက်ရင်း ငြှိမ်းလိုက်ရသည်။
ထို့နောက် ဆိုဖာပေါ်လှဲအိပ်ကာ နဖူးပေါ်လက်တင်ရင်း စဉ်းစားမိသည်က ဖေဖေ့အတွက် ဆေးရုံစရိတ်ကို ဘယ်လိုရှာရမလဲဆိုတာပင်။
အခုဆို ဂျွန်ဂျောင်ကုရဲ့ကောင်းမှုကြောင့် အချိန်ပိုင်းအလုပ်ကမရ၊ ဒီလအတွက်ဆေးရုံစရိတ်ကပေးပြီးပြီဆိုပေမယ့် နောက်လအတွက်ပေးစရာရှိတော့မှာမဟုတ်ဘူး။ဘယ်လိုလုပ်ရမလဲ....?
ကိုကို့ရဲ့မိဘတွေကိုလည်း အကူအညီမတောင်းချင်။ အကူအညီတောင်းလိုက်ရင် သူတို့ဘက်ကချက်ချင်းကူညီပေးမှာမှန်ပေမယ့် ကိုကိုမရှိတော့ဘူးဆိုတော့ ကိုကို့မိဘတွေကို ဒုက္ခမပေးချင်။ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရင်းစဉ်းစားရင်းနဲ့ မှေးစင်းလာတဲ့မျက်လုံးများကြောင့် ခဏတာအိပ်ပျော်သွားခဲ့သည်။
နားထဲ ဖုန်းသံကြား၍ အိပ်ပျော်နေရာမှ လန့်နိုးလာမိ၍ စားပွဲပေါ်တင်ထားသော ဖုန်းကိုအလျင်အမြင်ကိုင်လိုက်မိတော့ မေမေဆက်ခြင်း။"သား! လာပါဦး သားရယ်! သားအဖေကို ဆေးရုံက အောက်ဆီဂျင်စက်ဖြုတ်မလို့တဲ့! "
YOU ARE READING
I Hate U [Completed]
RomanceTaekook Jungkook × Taehyung Both Zawgyi and Unicode versions are available !