အလှဆုံးပန်း ၊ အလှဆုံး ကံ့ကော်ကိုမှ ကိုမိုးကို ပေးချင်သည် ။ အကြီးဆုံးနှင့် ရနံ့အသင်းဆုံး အပွင့်ကိုမှ အမြတ်တနိုး ပေးချင်သည် ။
အပင်အောက်တွင် နာရီဝက်ခန့်ပင်ရှိနေသော်လည်း ကံ့ကော်ပွင့်ကို ရွေး၍မပြီးနိုင်သေး ။
ဝါးလုံး၏ အရှည်သည် အထွန်းအရပ် နှစ်ဆပင် ဖြစ်လေတော့ ဝါးလုံး ကို မနိုင်မနင်းသယ်ထားရသော အထွန်း တစ်ယောက် လက်ပင် ညောင်းလာရသည်။
ခက်လိုက်တာ ၊ အထွန်း ရွေးရခက်လိုက်တာ။
ရွေးရင်းရွေးရင်းဖြင့် နောက်ဆုံးတွင်တော့ အမြင့်ဆုံးမှ ကံ့ကော်တစ်ပွင့်ကို လှမ်းမြင်သည်။
အဝေးက ကြည့်ရုံဖြင့်ပင် ဝင့်ကြွားကာ လှနေသော ထိုကံ့ကော်ပွင့်ကို ဝါးလုံးဖြင့် အသာချူချလိုက်တော့ ကံ့ကော်ပန်းနှင့် အခက်က ဝါးလုံးတွင် ပါလာသည်။ရပြီ ၊ ကိုမိုးကို ပေးလို့ရပြီ။
မြေပေါ်မကျစေရန် ဂရုတစိုက် ယူရင်း အထွန်း သွားများပေါ်သည်အထိ ပြုံးလိုက်သည် ။
ထို့နောက် ကံ့ကော်ပင်ကို မော့ကြည့်ရင်း
"ကျေးဇူးပဲနော်"
အထွန်းက ကံ့ကော်ပင်ကို ပြုံးပြပြီးသည်နှင့် အိမ်ထဲသို့ ပြေးဝင်တော့သည်။
အိမ်ထဲရောက်သည်နှင့် မှန်ရှေ့တွင်ထိုင်ကာ သနပ်ခါးသွေးသည်။ သနပ်ခါးသွေးနေသော အထွန်းသည် ဝတ်သွားမည့် အဝတ်အစားကိုပါ တစ်ဆက်တည်း တွေးပြန်သည် ။
ပါးကွက် နှစ်ဖက်ကို ညီညီညာညာ ကွက်ပြီးသော အခါ ဆံပင်ကို အုန်းဆီလိမ်းကာ ခေါင်းဖြီးသည် ။
ရှပ်အင်္ကျီအဖြူ လက်တို နှင့် ပုဆိုး အစိမ်းရောင်ကို ဝတ်ပြီးသော အခါတွင်တော့ မှန်ကို နောက်တစ်ခေါက်ကြည့်ရင်း မျက်တောင်ရှည်ရှည်လေးများ ကွေးညွတ်သည်အထိ ပြုံးလိုက်သည်။
အထွန်း ကိုမိုးကို သွားတွေ့လို့ရပြီ။
"အမေ အထွန်း ဒီနေ့ နောက်ကျမယ်နော်"
အမေက မီးပူတိုက်ရင်းက ခေါင်းညိတ်ပြရင်း
"အရမ်းမမှောင်စေနဲ့နော် "
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 15 ( Unicode )
Start from the beginning