20

51.4K 4.9K 330
                                    

"ဟာ … ဒါ ကြီးဘာလို့ စားပွဲပေါ်ရောက်နေတာလဲ … ဒေါ်ကြည်… ဒေါ်ကြည်ရေ "

ထမင်းစားပွဲ ကိုထိုင်တောင်မထိုင်ရသေးဘူး အမိန့် အော်သံက စူးကနဲ့ ထွက်လာသည်မို့ ဦးမိုးကောင်း ရော ချစ်ခြင်းပါ လှည့်ကြည့်မိသည်။ 

"လာပီ… အကိုလေး ရေ …လာပီ "

မီးဖိုချောင်အခန်းက ပြေးထွက်လာတဲ့ဝဖိုင်းဖိုင်းကိုယ်နဲ့ ဒေါ်ကြည်ကိုလဲအားမနာနိုင် …လက်တလော ထမင်းစားပွဲပေါ်က
ဝက်သားဟင်းခွက်ကြီးမြင်ပီးကတည်းက
အမိန့် စိတ်အလိုမကျ မျက်နှာတည်တင်းနေမိ၏ ။

"ဘာလိုချင်လို့ လဲ…အကိုလေး "

"ဘာမှမလိုချင်ဘူး ဒါပြန်ယူသွား "

လက်ညိုးထိုးပြတဲ့ ဝက်သားနီချက်က
နီရဲပီး စားချင်သဖွယ်ဖြစ်နေပေမဲ့ လမ်းဘေးယင်နားစာလို ရွံရှာသလို ကြည့်နေတဲ့
အကြည့်မျိုးကြောင့်ဒေါ်ကြည် လတ်တလော ဘာဖြစ်နေမှန်းသတိမထားမိသေးပေ။

"အဲ့ဒါ အကိုလေးကြိုက်တဲ့ဝက်သားနီချက်လေ ခါတိုင်းလိုပဲ …
အကိုလေးလာမယ်ကြားလို့ ဒေါ်ကြည်လက်စွမ်းပြထားတာလေ။ ဘာဖြစ်လို့လဲ"

မျက်နှာရိပ်မျက်နှာကဲမသိတဲ့ ဒေါ်ကြည်က
သူ့ ဟင်းကို အမွှမ်းတင်လို့ မဆုံးဖြစ်နေတာကိုကြည့်ပီး အမိန်ရှုံ့ မဲ့လာသည်။
သူတကယ်ဒီဟင်းကြီးကိုမကြည့်ချင်တော့မို့  မျက်နှာကြီးနီပီး စိတ်တိုလာသည်။

ထမင်းစားပွဲထိုင်နေကျတဲ့ သုံးယောက်မှာအမိန့် တစ်ယောက်သာ ဘာမှစိတ်တိုစရာမရှိ စိတ်တိုနေတာမို့ ဦးမိုးကောင်းသည်
မနေနိုင်ပဲ ဝင်ပြောရတော့သည်။ 

" ကိုမိန့် ဘာဖြစ်ပြန်တာလဲ.. မင်းကြိုက်တယ်ဆိုလို့ ဒေါ်ကြည်က သေချာချက်ပေးထားတာလေ.. ဘာလို့ ပြန်သိမ်းခိုင်းနေတာလဲ "

စူပုပ်နေတဲ့မျက်နှာထားနဲ့ ချက်ခြင်းအကြည့်ပြောင်းလာတဲ့ မြေးဖြစ်သူက
မကျေနပ်တာမှန်သမျှ သူ့ ကိုပုံချတော့မဲ့
ပုံမျိုး...။ မျက်နှာထားရော ၊ ပြောဆိုနေတဲ့အချိုးရောသည် အရင်လို
နည်းနည်းမှ မတူတော့မို့   ရေသောက်ရင်း ဦးမိုးကောင်း အမိန့် အဖြေကို သေချာနားထောင်နေမိသည်။

ချစ်အမိန့် ( ချစအမိန့် ) (completed)Where stories live. Discover now