8

45.7K 4.7K 49
                                    


အပိုင်း၈

အဆင့်တန်းမြင့်မားလှတဲ့  ဂျပန်စားသောက်ဆိုင်၏VIPအခန်းအတွင်းဝယ်  တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေပီး ဥပတိရုပ်ခန့် ညားတဲ့အသက်၇၀နီးပါးရှိသည့်အဘိုးအိုတစ်ယောက်နှင့်လှပပြီးကြည်လင်သောရုပ်ရှည်ရှိသော ကောင်လေးတို့ သည်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

ဦးမိုးကောင်းသည် သူရှေ့ မှာ ရှိနေတဲ့ ကောင်လေးကို သေချာ အကဲခတ်ကြည့်
နေ့ရင်း သူ့ မြေးကိုမိန့် ဘာကြောင့် ဒီကလေးကို အရူးအမူးဖြစ်နေသလဲဆိုတာတွေးမိကာ ပြုံးလိုက်မိသည်။

"ဘာလို့ လဲ ဘိုးဘိုးကြီး။  ကျွန်တော် တကယ်
ဘိုးဘိုးမြေးကို မကြိုက်ဘူး"

တိတ်ဆိတ်နေတဲ့အခန်းမှာ ချစ်ခြင်းအသံကပထမဦးဆုံးထွက်ပေါ်လာ၏။
ဒါပေမဲ့ ဦးမိုးကောင်းရဲ့ ပြုံးနေသောနှုတ်ခမ်းတွေကတော့ ပြောင်းလဲမသွားပဲ
စိတ်ကောက်နေတဲ့ကလေးကို နားလည်အောင်ရှင်းပြနေတဲ့အသံဖြင့်

"မကြိုက်ချင်သေးတာပါ။ သုံးနှစ်လုံး
ငါ့မြေးဘေးနားရှိနေတာကို မင်းခါးခါးသီးသီးမှမရှိတာ။ ပြီးတော့ လွယ်လွယ်နဲ့ သံယောဇဉ်ဖြစ်လွယ်တဲ့ ထဲမှာ ကိုမိန့် မပါဘူး။ သူတကယ် မင်းကိုသဘောကျတာပါ။  "

"ဒါပေမဲ့ ကျွန်တော်တို့ က ယောကျာ်းလေးတွေလေ။ "

"အဲ့တော့ ကိုမိန့် က မင်းကိုသဘောကျလို့ မရတော့ဘူးလား"

ဦးမိုးကောင်းရဲ့စကားကြောင့် ချစ်ခြင်း အသံတိတ်သွား၏။ ဖေကြီးဖြစ်သူဆီမှ
အမိန့် အာဏာအကြောင်းကိုသိပြီး
ဦးမိုးကောင်းနဲ့ တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
တော်ရုံတွေ့ ခွင့်မရနိုင်တဲ့ ဦးမိုးကောင်းက ချစ်ခြင်းလို့ ပြောလိုက်တာနဲ့ ချက်ခြင်းတွေ့ ဆုံစေခဲ့ခြင်းဟာ  သူ့ မြေးအမိန့် အာဏာကြောင့်ဆိုတာ သိပေမဲ့  ဒီလောက်ကြီးထိ မိမိကို လက်ခံနေတာမျိုးထိဖြစ်လာမယ်မထင်ခဲ့တာပါ။ လာတုန်းက
ချစ်ခြင်း လက်မခံနိုင်ဘူးဆိုတာ သိအောင်ပြောပြီးပြန်ဖို့ တွေးခဲ့ပေမဲ့ အခြေနေက
ပြောင်းပြန်ဖြစ်သွား၏။

" ဘာပဲဖြစ်ဖြစ် ကျွန်တော် အချစ်ဆိုတာ
မယုံဘူး ။လက်ထက်ဖို့ ဆိုတာ
ပိုဝေးသေးတယ်။ယောကျာ်းမိန်းမကြားတောင်မမြဲနိုင်တာ
ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ပိုလို့ တောင်မမြဲနိုင်ဘူး။ ဒါကြောင့်ဘိုးဘိုးကြီးတို့ ဖက်က မဖြစ်နိုင်တာကို ဇွတ်မလုပ်ချင်ပါနဲ့  "

ချစ်အမိန့် ( ချစအမိန့် ) (completed)Where stories live. Discover now