"အမေကလည်း အထွန်းမှ စောင်မခြုံဘဲမအိပ်တတ်တာ"
အမေက ခေါင်းခါရင်းမှပင် တစ်ဖက်သို့လှည့်သွားသည် ။
အထွန်းကတော့ ခဏအတွင်းမှာပင် အိပ်ပျော်သွားတော့သည်။
*******
"အိမ်ရှင်တို့ ဗျို့ အိမ်ရှင်တို့"
ခေါ်သံသဲ့သဲ့သည် နီးလာလိုက် ဝေးသွားလိုက် ဖြင့် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည်။
"အိမ်ရှင်တို့"
"လာပြီ "
အမေ့ အသံကို ကြားတော့ အထွန်း မျက်လုံးကို မဖွင့်သေးဘဲ ဆက်လှဲနေလိုက်သည်။
"ကံ့ကော်ပန်းတွေ ဒီအိမ်မှာ ရှိတယ်ဆိုပြီး ညွှန်လိုက်လို့ပါ "
ကံ့ကော်ဟူသေည အသံကြားသည် နှင့် အထွန်း ချက်ချင်းပင် ထထိုင်လိုက်သည်။
လာပါပြီ ၊ နွေရာသီရောက်ရင် ကံ့ကော်ပန်း လိုချင်တဲ့ သူတွေ ရောက်လာပါပြီ။
မဖြစ်ဘူး အထွန်းရဲ့ ကံ့ကော်လေးတွေ သူ့ဆီ ပါသွားလို့မဖြစ်ဘူး ။
အထွန်းက အိပ်ချင်မူးတူး ဖြင့်ပင် အိမ်ရှေ့သို့ထွက်ကာ သားရေဖိနပ်ကို ခပ်မြန်မြန်စီးသည် ။
"အမေ"
အထွန်းကို တွေ့တော့ အမေက လှည့်ကြည့်ရင်း
"အထွန်း နိုးလာတာလား"
"ပန်းတွေမရောင်းဘူးနော်"
အထွန်းက ဆူပုတ်ပုတ်ဖြင့် ပြောလိုက်တော့ အမေက အားနာဟန်ဖြင့် တစ်ဖက်သို့ ကြည့်သည်။
"ဪ ညီလေး"
သူက အထွန်းကို သိနေတာလား ၊ လေသံက အထွန်းကို သေချာသိတဲ့ လေသံမျိုးနဲ့။
အထွန်း မျက်လုံးနှစ်ဖက်ကို လက်ဖြင့် ပွတ်ပြီး သေချာကြည့်လိုက်တော့မှ
"ဟင် ဟို အကိုကြီး"
သဇင်ခြံက အကိုကြီးက ကံ့ကော်ပန်းလာဝယ်တာလား ။
အထွန်း မရောင်းချင်လိုက်တာ။ အထွန်း ကံ့ကော်လေးတွေကို မခူးချင်လိုက်တာ ။"ကံ့ကော်ပန်းက တစ်ခက်လောက်ဆိုရပါတယ် ၊ ဘုရားမှာ ယတြာချေဖို့ အရေးတကြီး ရှာခိုင်းလိုက်လို့ပါ"
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 14 ( Unicode )
Start from the beginning