Chapter(5)

424 80 1
                                    

Unicode Version

အခန်း(၅)
(နောက်ထပ် ဂိုက်ချောချောလေး)
~~~~~~~

"ဟာ နှင်း.....  မတွေ့တာတောင်ကြာပြီ။ နင့်ဘဲကို  ဥစ္စာလာခြောက်တာလား???"

ရန်ကုန်တက္ကသိုလ်မှ  အီးမေဂျာ ကျောင်းသူလေးနှင်းကို  သွားဆေးတက္ကသိုလ်တွင် တွေ့လိုက်ရသည်မို့   ရှင်းသန့် နောက်လိုက်တော့   မယ်မင်းကြီးမက  ရှက်သွေးဖြာနေလေသည်။

"သိရင်လည်း ပြီးတာပဲ။  ဇွဲရော???"

"ကောင်မလေးတစ်ယောက်နဲ့ အကြည်စိုက်နေတယ်"

"ခွေးကောင် ရှင်းသန့်!!  ငါ့ကွယ်ရာမှာ ဆေးထိုးနေတယ်။  အ ေပါ့သွားနေတာ နှင်းရေ...."

ပြောပြီး ဇွဲတစ်ယောက်   နှင်း၏ ပါးမို့မို့လေးကို   ဆွဲလိုက်လေသည်။

"ရွံ့စရာကြီးကွာ။ အ ေပါ့သွားပြီး  လက်လည်းမဆေးဘူး"

မနေနိုင် မထိုင်နိုင် ရှင်းသန့်ထပြောမိလေသည်။  နာမည်နှင့်လိုက်အောင်ကို  သူက အသန့်ကြိုက်လွန်းသည်မို့   နှင်းအစား ကြားထဲက  ရွံနေမိသည်။  မယ်မင်းကြီးမကတော့   ပြုံးဖြီးလို့...... 

(အော်....  အချစ်ဆိုတာ တကယ်ကြီး လူကို ကန်းစေတာပဲ...... )

ရှင်းသန့်တွေးရင်း    ကိုခန့်၏ မျက်နှာချောချောကို မြင်ယောင်လာသည်မို့  ေခါင်းကို ခါရမ်းလိုက်လေသည်။

Ringing..... Ringing.......

ချစ်သူနှင့် အကြည်ဆိုက်နေတုန်း  ရုတ်တရက် ထမြည်လာသော ဖုန်းကို  နှင်းမကျေမနပ်ကိုင်လိုက်လေသည်။

"Hello????"

"....................."

"ဟုတ်လား........ ဒါဆို သမီး အခုချက်ချင်းလာခဲ့မယ်"

ပြောပြီး နှင်းဖုန်းချလိုက်လေသည်။  မျက်နှာမကောင်းသော သူ့ကို   ဇွဲရော  ရှင်းသန့်ကပါ   သိလိုစိတ်နှင့်ကြည့်နေကြသည်။

"ကိုခန့် အလုပ်မှာ မတော်တဆဖြစ်လို့တဲ့။ ငါ့အမေက ဆေးရုံကို လာခဲ့ပါတဲ့။ ငါသွားတော့မယ်"

"နေဦးလေ.... ငါတို့လည်း လိုက်မယ်"

ထထွက်ဟန်ပြင်နေသည့်  နှင်းကို  ရှင်းသန့်က လိုက်မည်ဟုပြောတော့  ဇွဲကလည်း  ခုံမှထကာ လွယ်အိတ်ကို လွယ်နေပြီဖြစ်သည်။

A Poem Titled Love(Completed)Where stories live. Discover now