Chapter(3)

422 80 1
                                    

Unicode Version


အခန်း(၃)
(ငါ မင်းကို ကျေးဇူးပြန်ဆပ်ပါ့မယ်)
~~~~~~~

"မှားနေပြီ....  Isoenzymes နဲ့ Enzymesက  Subunit မတူဘူး..."

"What the he**  !!!   လန့်လိုက်တာ....  မင်းက တကယ်ပဲ  စကားပြောနိုင်တယ် ေပါ့"

သူဖြေနေသော (Multiple Choice Questions) အဖြေကို ကြည့်ကာ ပြောနေသော ဘာဘီမလေးကြောင့် ရှင်းသန့် အလန့်တကြား အော်မိလေသည်။

မလန့်ခံနိုင်ရိုးလား.....   ထိုဘာဘီလေးအား သူအိမ်ကို ပြန်ရောက်ကတည်းက စာကြည့်စားပွဲ ေပါ်တွင် တင်ထားခဲ့တာဖြစ်သည်။ တောက်လျှောက် ငြိမ်နေခဲ့ပြီး  လူခြေတိတ်ချိန်မှ စကားထပြောသော ဘာဘီအရုပ်မလေးသည်   အရုပ်သရဲများလား.....

"လျှောက်တွေးမနေနဲ့နော်။ ကိုယ်သရဲ မဟုတ်ဘူး။ ပြီးတော့...  ကိုယ်က  ည(၁၀)နာရီကျော်မှ   မင်းနဲ့ စကားပြောခွင့်ရတာ"

ဘာဘီရုပ်၏ စကားကြောင့်  ရှင်းသန့် တစ်ယောက်  မျက်လုံးပြူးသွားလေသည်။

စကားပြောနေသည့်  အရုပ်က အရုပ်သရဲ မဟုတ်လျှင်  ဘာများပါလိမ့်? BCတွေ အကြည့်လွန်ပြီး သူရူးသွားတာများလား?????

"မင်း  နားလည်အောင် ကိုယ်မရှင်းပြတတ်ဘူး။  ဒီတော့ မင်း အိပ်ခါနီးရင် ကိုယ့်ရဲ့ ဆံပင်တစ်မွှေးကို နှုတ်ပြီး ေခါင်းအုံးအောက် ထည့်အိပ်လိုက်။ ကိုယ့်မှတ်ဉာဏ်တွေ  မင်းအိပ်မက်ထဲကို ဝင်လာလိမ့်မယ်။ ကိုယ့်အကြောင်းကို သိပြီးမှ  မင်းကို ကိုယ်အကူအညီတောင်းမယ်။  အခုတော့  မင်းကို  BCသင်ပေးမယ်"

ပြောပြီး  စာတွေရှင်းနေသည့် ဘာဘီအရုပ်ကလေးကို   ရှင်းသန့်ကြောင်ပြီး ကြည့်နေမိသည်။

"သေချာနားထောင်နော်....  ကိုယ့်ကို ကြည့်လို့  မင်းBCမအောင်ဘူး"

မလောက်လေး မလောက်စား  အရုပ်ပိစိ၏  အချိုးမပြေသော စကားကြောင့် ရှင်းသန့် မျက်မှောင်ကြုတ်လိုက်မိသည်။  

~
~
~

ပြောမည့်သာ ပြောရတာပါ....  ဘာဘီလေးသည်  စာရှင်းရာမှာ အတော့်ကို  ပါရမီထူးလေသည်။   (၁)နာရီအတွင်း  Enzymesတစ်ခန်းလုံးကို ဆရာကျကျ သူနားလည်သွားလေသည်။ သည်နှုန်းအတိုင်းသွားမည်ဆိုလျှင်  လာမည့် စာမေးပွဲတွင်  ရှင်းသန့်တစ်ယောက်  BCကို ဘဲဥကွဲအောင်ဖြေနိုင်ရုံသာမက  အောင်မှတ်ပင်  ရနိုင်သည်။   

A Poem Titled Love(Completed)Where stories live. Discover now